Friday, October 18, 2019

TOP ONE CUP ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ




မင်းဘူး          အောက်တိုဘာ          ၁၇
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဉီးစီးဌာန နှင့် မင်းဘူးမြို့ TOP ONE ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း ကျင်းပသည့် မင်းဘူးမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်စေရေး အစီစဉ်အရ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဆုရရှိသူများအား ယနေ့ ညနေ ၄ နာရီ အချိန်က မင်းဘူးခရိုင် အားကစား ခန်းမတွင် ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ပြိုင်ပွဲကို မင်းဘူးခရိုင် အာကစားခန်းမတွင် အောက်တိုဘာ ၁၄ ရက်နေ့မှ အောက်တို ဘာလ ၁၇ ရက်နေ့ထိ (၄)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင်   TOP ONE ကိုယ်ပိုင် အထက်တန်းကျောင်း အပါအဝင် စုစုပေါင်း(၂၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ မစတင်မီ တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖြေဖျော်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် မန်းရေနံ မြေအိမ်ယာ အသင်းက  ဒိုင်းမွန်အသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင်  ဆုရရှိသူများအား မင်းဘူးခရိုင် အားကစားနှင့်ကာယပညာဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုဇံ၊ TOP ONE ကိုယ်ပိုင်အထက်တန်းမှ ကျောင်းအုပ်ကြီး ဉီးဉာဏ်ဝင်း နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

          ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု သုံးသိန်းကျပ်၊ ဒုတိယဆု နှစ်သိန်းကျပ်၊ ပူးတွဲ တတိယဆု ခုနှစ်သောင်း ငါးထောင်ကျပ်စီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။  အဆိုပါ အခမ်းအနားသို့ မင်းဘူးခရိုင် အားကစားနှင့်ကာယပညာဉီးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုဇံ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် မိဘများ ၊ TOP ONE ကိုယ်ပိုင်အထက်တန်းမှ ကျောင်းသား/သူများ နှင့် မြို့ပေါ်ရှိ အားကစားကို ချစ်မြတ်နိုးသူများ လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။                                        ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment