မင်းဘူး
စက်တင်ဘာ ၃၀
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့နယ် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ခွဲတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးမှု
နှစ်ဆင့်ချေးငွေ JICA (Tow Step Loan) ဆင့်ပွားသင်တန်းကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က
ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်
မန်နေဂျာ ဉီးစိုးမင်းဝင်းက အမှာစကားပြောကြားရာတွင် အစိုးရထံမှယူပြီး တောင်သူများထံသို့
တစ်ဆင့်ချေးခြင်းကို နှစ်ဆင့်ချေးငွေ JICA(Tow Step Loan) ခေါ်ဆိုခြင်းဖြစ်ပါကြောင်း
ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဇွန်ဒီးယားကုမ္ပဏီ၊ ဂွတ်ဘလ်ရားသားကုမ္ပဏီ
နှင့် ဆိုနာလီကာကုမ္ပဏီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက
တောင်သူကြီးများ လယ်ယာလုပ်ငန်း တွင်ကျယ်ဖို့အတွက် အရည်အသွေး ကောင်း စက်ပစ္စည်းများကို
ဝယ်ယူလိုပါက မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ စီစဉ် ဆောင်ရွက် ပေးမည်ဖြစ်ပါသဖြင့်
လာရောက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကုမ္ပဏီများမှ တာဝန်ရှိသူများက
၎င်းတို့၏ စက်ပစ္စည်းများသည် အကောင်းဆုံးအရည်အသွေး၊ အသက်သာဆုံးစေျးနှုန်း၊ အနည်းဆုံးကုန်ကျစရိတ်
ဖြစ်လို့ လယ်သမားများအကြိုက်တွေ့မှာ ဖြစ်ပါကြောင်း၊ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်ပါကြောင်း
ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင့်ပွားသင်တန်းသို့ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ
ကျေးရွာအုပ်စုများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်
စိတ်ပါဝင်စားသူ တောင်သူစုစုပေါင်း(၁၀၀)ဉီး တက်ရောက်ခဲ့ကြောင်း
သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
မင္းဘူးၿမိဳ႕တြင္ စိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးမႈ ႏွစ္ဆင့္ေခ်းေငြ JICA ဆင့္ပြားသင္တန္း ျပဳလုပ္
မင္းဘူး စက္တင္ဘာ ၃၀
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္ ျမန္မာ့လယ္ယာ ဖြံၿဖိဳးေရးဘဏ္ခြဲတြင္ စိုက္ပ်ိဳးေရးႏွင့္ေက်းလက္ေဒသဖြံ႕ၿဖိဳးမႈ ႏွစ္ဆင့္ေခ်းေငြ JICA (Tow Step Loan) ဆင့္ပြားသင္တန္းကို ယေန႔ မြန္းလြဲ ၃ နာရီ အခ်ိန္က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
- ေရွးဉီးစြာ မင္းဘူးၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံၿဖိဳးေရးဘဏ္ မန္ေနဂ်ာ ဉီးစိုးမင္းဝင္းက အမွာစကားေျပာၾကားရာတြင္ အစိုးရထံမွယူၿပီး ေတာင္သူမ်ားထံသို႔ တစ္ဆင့္ေခ်းျခင္းကို ႏွစ္ဆင့္ေခ်းေငြ JICA(Tow Step Loan) ေခၚဆိုျခင္းျဖစ္ပါေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္။
ထို႔ေနာက္ ဇြန္ဒီးယားကုမၸဏီ၊ ဂြတ္ဘလ္ရားသားကုမၸဏီ ႏွင့္ ဆိုနာလီကာကုမၸဏီတို႔မွ တာဝန္ရွိပုဂၢိဳလ္မ်ားက ေတာင္သူႀကီးမ်ား လယ္ယာလုပ္ငန္း တြင္က်ယ္ဖို႔အတြက္ အရည္အေသြး ေကာင္း စက္ပစၥည္းမ်ားကို ဝယ္ယူလိုပါက ျမန္မာ့လယ္ယာဖြံၿဖိဳးေရးဘဏ္ႏွင့္ ခ်ိတ္ဆက္၍ စီစဥ္ ေဆာင္႐ြက္ ေပးမည္ျဖစ္ပါသျဖင့္ လာေရာက္ျခင္းျဖစ္ပါေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ားက ၎တို႔၏ စက္ပစၥည္းမ်ားသည္ အေကာင္းဆုံးအရည္အေသြး၊ အသက္သာဆုံးေစ်းႏႈန္း၊ အနည္းဆုံးကုန္က်စရိတ္ ျဖစ္လို႔ လယ္သမားမ်ားအႀကိဳက္ေတြ႕မွာ ျဖစ္ပါေၾကာင္း၊ အရစ္က်စနစ္ျဖင့္လည္း ဝယ္ယူရရွိႏိုင္ပါေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဆင့္ပြားသင္တန္းသို႔ မင္းဘူး(စကု)ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာအုပ္စုမ်ားမွ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ စိတ္ပါဝင္စားသူ ေတာင္သူစုစုေပါင္း(၁၀၀)ဉီး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ေက်ာ္စိုးဝင္း(မင္းဘူး)
0 comments:
Post a Comment