ထောက်ရှာပင်
/ကမ်းနီရေနံမြေ မှလူမှုရေးတာဝန်သိမှု CSR လုပ်ငန်းဆောင်ရွက်ထားရှိမှု
လုပ်ငန်းများအား
ကွင်းဆင်းစစ်ဆေးဆောင်ရွက်
မင်းဘူး အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ထောက်ရှာပင်/ကမ်းနီးရေနံမြေ ၂၀၁၈-၁၉ ဘဏ္ဍရေးနှစ်အတွင်း
CSR လုပ်ငန်း အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် လူမှုအထောက်အကူပြုကဏ္ဍ
လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က ထောက်ရှာပင်/ကမ်းနီးရေနံမြေ ရွှေရောင်တော်အစည်းအဝေးခန်းမ
ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၈-၁၉ ဘဏ္ဍရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့်
ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် လူမူအထောက်အကူပြုကဏ္ဍတို့မှ CSR လုပ်ငန်းဆောင်ရွက်ထားရှိမှု
အခြေအနေများအား သတ်မှတ်ထားသော အရည်အသွေး ၊
စံချိန်စံညွှန်း ၊ အမျိုးအစား နှင့် ကိုက်ညီမှု ရှိ/မရှိအား အရည်အသွေးစစ်ဆေးရေးနှင့်
လက်ခံရေးကော်မတီဝင်များမှ စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၁၈-၁၉ ဘဏ္ဍရေးနှစ်အတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် လူမူအထောက် အကူပြုကဏ္ဍတို့မှ CSR
လုပ်ငန်းဆောင်ရွက်ထားပေးခဲ့ရာ ရွှေရောင်တော် ဆေးပေးခန်းသို့ ဆေးရုံးသုံးပစ္စည်းများ၊
ရွှေရောင်တော်(အ.ထ.က-ခွဲ)ကျောင်းသို့ သိပ္ပံခန်းသုံးပစ္စည်းများ၊
နန်းတော် ကုန်းကျောင်း(အ.ထ.က- ခွဲ) ကျောင်းသို့ သိပ္ပံခန်းသုံးပစ္စည်းများ နှင့် သုတ
၊ရသ စာအုပ်များ၊ ရွာသာယာ(အ.ထ.က-ခွဲ)ကျောင်းသို့ သိပ္ပံခန်းသုံးပစ္စည်းများ၊ ထိန်တောကျေးရွာ
ကျောက်ကြီး စီနံရံနှင့် ကွန်ကရစ်လမ်းခင်းခြင်း၊ ကုန်းတင်ကျေးရွာသို့ ဆိုလာ မီးအလုံးပေါင်း
(၈၀)လုံး၊ ပက်ပယ် မကျီးသုံးပင် သို့ ကွန်ကရစ်လမ်းခင်းခြင်း စသည့်လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဉီးကျော်စွမ်း ရည်၊ မင်းဘူး(စကု)မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ နှင့် ခရိုင်/မြို့နယ်
ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment