
မကွေးမြို့ ၊ မဲထီးလမ်းနှင့် ငုရွှေဝါလမ်းထောင့်၊ အိမ်အမှတ်(၂၆၆)ရှိ ဦးထွန်းထွန်းဦး၏ နိုဘယ်ပင်လယ်စာနှင့်ကုန်မျိုးစုံအရောင်းဆိုင်၌ ယနေ့ အောက်တိုဘာ ၁၃ရက်၊ နံနက် ၄ နာရီ၊ ၁၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဥ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ နံနက် ၄နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး၊ မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ရေခဲသေတ္တာများ၊ကုန်ပစ္စည်း
များ မီးလောင်ကျွမ်းခဲ့ကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် အခြားသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်မှာ ရေခဲသတ္တော Gasပိုက်လိုင်းအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရပြီး၊ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်အား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေဖြိုးလေး(ပြန်/ဆက်)
#မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့( မှ ကူးယူဖော်ပြပါသည်။)
မေကြးၿမိဳ႕ ရွိ ႏိုဘယ္ ပင္လယ္စာႏွင့္ ကုန္မ်ိဳးစုံအေရာင္းဆိုင္တစ္ဆိုင္၌ မမီးေလာင္မႈျဖစ္ပြား
မေကြး ေအာက္တိုဘာ ၁၃
မေကြးၿမိဳ႕ ၊ မဲထီးလမ္းႏွင့္ ငုေ႐ႊဝါလမ္းေထာင့္၊ အိမ္အမွတ္(၂၆၆)ရွိ ဦးထြန္းထြန္းဦး၏ ႏိုဘယ္ပင္လယ္စာႏွင့္ကုန္မ်ိဳးစုံအေရာင္းဆိုင္၌ ယေန႔ ေအာက္တိုဘာ ၁၃ရက္၊ နံနက္ ၄ နာရီ၊ ၁၅မိနစ္ခန္႔က မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
မီးေလာင္မႈျဖစ္ပြားရာသို႔ တိုင္းေဒသႀကီးမီးသတ္ဦးစီးမႉး ဦးေအာင္ဝင္းစိန္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသက္လြင္ႏွင့္ တာဝန္ရွိသူမ်ားက ႀကီးၾကပ္၍ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ရပ္ကြက္ေနျပည္သူမ်ားက မီးျငႇိမ္းသတ္ယာဥ္မ်ားျဖင့္ ဝိုင္းဝန္းမီးျငႇိမ္းသတ္ရာ နံနက္ ၄နာရီ ၃၅ မိနစ္ခန္႔တြင္ မီးၿငိမ္းသြားခဲ့ၿပီး၊ မီးေလာင္မႈေၾကာင့္ ဆိုင္အတြင္းရွိ ေရခဲေသတၱာမ်ား၊ကုန္ပစၥည္း
မ်ား မီးေလာင္ကြၽမ္းခဲ့ကာ လူႏွင့္တိရစာၦန္မ်ား ထိခိုက္ပ်က္စီးမႈမရွိေၾကာင္းႏွင့္ အျခားသို႔ မီးကူးစက္ေလာင္ကြၽမ္းျခင္းမရွိေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္မွာ ေရခဲသေတၱာ Gasပိုက္လိုင္းအပူလြန္ကဲရာမွ မီးစတင္ေလာင္ကြၽမ္းျခင္း ျဖစ္ေၾကာင္း သိရၿပီး၊ မီးေလာင္ကြၽမ္းမႈျဖစ္ပြားသည့္ ေနအိမ္ပိုင္ရွင္အား အမႈဖြင့္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ေဝၿဖိဳးေလး(ျပန္/ဆက္)
#မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕
0 comments:
Post a Comment