Friday, October 18, 2019

ပေါက်မြို့နယ်ကြက်ခြေနီတပ် ဖွဲ့မှ အခြေခံရှေးဦးသူနာပြု သင်တန်းဆင်းပွဲကျင်းပ


 ပေါက် အောက်တိုဘာ ၁၈
 မကွေးတိုင်းဒေသကြီး ပေါက် မြို့အခြေခံပညာအထက်တန်း ကျောင်းဗိုလ်စကားခန်းမ၌ အောက်တိုဘာ၁၈ရက်နံနက် ၉ နာရီကပေါက်မြို့နယ်ကြက် ခြေနီတပ်ဖွဲ့မှ အခြေခံရှေးဦး သူနာပြုသင်တန်းဆင်းပွဲအ ခမ်းအနား ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင်မြို့ နယ်အုပ်ချုပ်ရေးမှူးဦးညီညီ
အောင်ကအဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက် ခြေနီအသင်း မြို့နယ်ကြက် ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌဦးလင်း ကြည်ကကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံသမိုင်းကြောင်း နှင့်ယခုသင်တန်းတွင်ရှေးဦးပြုစုခြင်းသဘောတရားနှင့်တာ ဝန်ဝတ္တရားများ၊ အရိုးကျိုးခြင်း၊  ဆေးထည့်ခြင်း၊ပါတ်တီးစည်းနည်းများ၊လူနာသယ်ဆောင် ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများ၊  အရေးပေါ်အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီ ခြင်းစသည့်သင်ခန်းစာများအား စာတွေ့/လက်တွေ့သင် ကြားပို့ချပေးပြီးဖြစ်ကြောင်း
ပြောကြားခဲ့သည်။
 အဆိုပါသင်တန်းသို့သင်တန်း သားသင်တန်းသူ(၃၀)ဦးတက်
ရောက်ခဲ့ကြရာသင်တန်းထူး ချွန်ဆုရရှိသူများကိုဆုများပေးအပ်ခြင်း၊သင်တန်းဆင်းလက်
မှတ်များပေးအပ်ခြင်းကိုတာ ဝန်ရှိသူများကပေးအပ်ခဲ့ကြပြီးသင်တန်းကာလမှာ(၅)ရက် ကြာဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။
 ဉာဏ်တိုး(ပေါက်)






ေပါက္ၿမိဳ႕နယ္ၾကက္ေျခနီတပ္ ဖြဲ႕မွ အေျခခံေရွးဦးသူနာျပဳ သင္တန္းဆင္းပဲြက်င္းပ
 ေပါက္ ေအာက္တိုဘာ ၁၈
 မေကြးတိုင္းေဒသႀကီး ေပါက္ ၿမိဳ႕အေျခခံပညာအထက္တန္း ေက်ာင္းဗိုလ္စကားခန္းမ၌ ေအာက္တိုဘာ၁၈ရက္နံနက္ ၉ နာရီကေပါက္ၿမိဳ႕နယ္ၾကက္ ေျခနီတပ္ဖြဲ႕မွ အေျခခံေရွးဦး သူနာျပဳသင္တန္းဆင္းပြဲအ ခမ္းအနား ျပဳလုပ္ခ့ဲပါသည္။
 သင္တန္းဆင္းပဲြတြင္ျမိဳ႕ နယ္အုပ္ခ်ဳပ္ေရးမွဴးဦးညီညီ
ေအာင္ကအဖြင့္အမွာစကား ေျပာၾကားၿပီး ျမန္မာႏိုင္ငံၾကက္ ေျခနီအသင္း ၿမိဳ႕နယ္ၾကက္ ေျခနီအသင္း(ခဲြ)ဥကၠ႒ဦးလင္း ၾကည္ကၾကက္ေျခနီအသင္း ျဖစ္ေပၚလာပုံသမိုင္းေၾကာင္း ႏွင့္ယခုသင္တန္းတြင္ေရွးဦးျပဳစုျခင္းသေဘာတရားႏွင့္တာ ဝန္ဝတၱရားမ်ား၊ အရိုးက်ိဳးျခင္း၊  ေဆးထည့္ျခင္း၊ပါတ္တီးစည္းနည္းမ်ား၊လူနာသယ္ေဆာင္ ျခင္း၊ အေျခခံအသက္ကယ္ အေထာက္အကူျပဳနည္းမ်ား၊  အေရးေပၚအေျခအေနႏွင့္ စိတ္ပိုင္းဆိုင္ရာအားေပးကူညီ ျခင္းစသည့္သင္ခန္းစာမ်ားအား စာေတြ႕/လက္ေတြ႕သင္ ၾကားပို႔ခ်ေပးၿပီးျဖစ္ေၾကာင္း
ေျပာၾကားခ့ဲသည္။
 အဆိုပါသင္တန္းသို႔သင္တန္း သားသင္တန္းသူ(၃၀)ဦးတက္
ေရာက္ခ့ဲၾကရာသင္တန္းထူး ခြၽန္ဆုရရိွသူမ်ားကိုဆုမ်ားေပးအပ္ျခင္း၊သင္တန္းဆင္းလက္
မွတ္မ်ားေပးအပ္ျခင္းကိုတာ ဝန္ရိွသူမ်ားကေပးအပ္ခ့ဲၾကၿပီးသင္တန္းကာလမွာ(၅)ရက္ ၾကာဖြင့္လွစ္သင္ၾကားေပးခ့ဲ ေၾကာင္း သိရသည္။
 ဉာဏ္တိုး(ေပါက္)

0 comments:

Post a Comment