Monday, October 14, 2019

သီတင်းကျွတ်ရုံးပိတ်ရက် နှင့် ကျောင်းပိတ်ရက် ကာလအတွင်း ရှင်ပင်စက္ကိန်းတဲဘုရားတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ




မင်းဘူး          အောက်တိုဘာ                    ၁၃
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်တွင် သီတင်းကျွတ်ရုံး ပိတ်ရက် နှင့် ကျောင်းပိတ်ရက် ကာလအတွင်း ဘုရားဖူးပြည်သူများ ၊ နိုင်ငံဝန်ထမ်းများဖြင့် အထူး စည်ကားများပြားလျက်ရှိကြောင်း သိရသည်။


          “ ကျွန်တော်က ဘဏ္ဍထိန်းဂေါပကအဖွဲ့ဉက္ကဌ ဖြစ်ပါတယ်၊ ရှင်ပင်စက္ကိန်းတဲစေတီတော် ကို ရပ်ဝေးဘုရားပြည်သူတွေအတွက် ညအိမ်လည်း တည်းခိုလို့ရပါတယ်၊ ဘုရားကြီး အနောက် ဖက်မှာ ဧည့်သည်ဆောင်များရှိပြီး အခမဲ့ တည်ခိုးနိုင်ပါကြောင်း၊  ရင်ပြင်တော် မြောက်ဘက်မှာ ကားရပ်နားဖို့အတွက် ပေ ၂၀၀ ပတ်လည် ရှိတဲ့ ကားရပ်နားကွင်းကိုလည်း တိုးချဲ့စီစဉ်ထားပါတယ်၊ ဆိုင်ခန်းတွေလည်း စနစ်တကျ သတ်မှတ်ထားတဲ့ နေရာမှာပဲ ရောင်းချခွင့်ပြုထားပါတယ်၊ ပတ်ဝန်းကျင် သာယာလှပရေး အတွက် တောင်ဘက် ကုန်းတော် တွေပေါ်မှာ စကျင်ကျောက်များ ခင်းထားပါကြောင်း၊ မြသလွန်ဘုရားကြီး နှင့် ဧရာဝတီတံတားကိုလည်း ကြည့်ရှုလို့ရအောင် နေရာများလည်း စီစဉ်ထားရှိထားပါကြောင်း၊ မင်းဘူးမြို့မ လွတ်လပ်ပျော်ရွှင်တတ်သော အဖွဲ့မှ ဆီမီး ၉၀၀၀ လှူဒါန်းပူဇော်မှာ ဖြစ်ပါကြောင်း၊  အောက်မှာ ကားကြီးတွေ ရပ်နားဖို့ စီစဉ်ထားပါတယ်”  ဟု ဘဏ္ဍထိန်းဂေါပကအဖွဲ့ဉက္ကဌ ဉီးဇော်သိန်း က ခုလိုပြောကြားသည်။


“ကျွန်တော်က စီးပွါး/ကူးသန်း ဝန်ကြီးဌာန၊ နေပြည်တော်က ဖြစ်ပါတယ်၊ မိသားစု မောင်နှမတွေလည်း ပါတယ်၊  ကလေးတွေ ကျောင်းပိတ်ရက်ကြောင့် အခုလို လာဖြစ် သွားတာပါ ၊ အခုဆိုရင် ရှင်ပင်စက္ကိန်းတဲစေတီတော်ကို ရောက်တာဆိုရင် သုံးခေါက်ရှိပါပြီ အရင်ထက်စာရင် လမ်းတွေတအားကောင်းလာပါတယ်၊ ဒီကနေ နဂါးပွတ်တောင်တော်၊ မန်းရွှေစက်တော်ကို ဆက်သွားမှာပါ ၊  အပြန်မှာ မကွေးမြသလွန် စေတီ တော် မှာ တစ်ညအိမ်ပြီးမှ ပြန်ကြမှာပါ” ဟု စီးပွါး/ကူးသန်း ဝန်ကြီးဌာန မှ ဉီးခင်မောင်ဆွေ မှ ခုလို ပြောကြားသည်။ 

“ကျွန်မက စက္ကိန်းတဲဘုရားမှာ စေျးရောင်းတာပါ ၊ ဒေသထွက်ကုန်တွေကို ကိုယ်တိုင်လုပ် ရောင်းတာပါ ၊ ဒီနှစ်မှ အဒေါ်ဆိုင်ခန်းမဲပေါက်လို့ အဒေါ်နဲ့ လာရောင်းဖြစ်တာပါ ၊ အရင်ရက်တွေ က ဆိုရင် ရောင်းမကောင်းဘူး ငုတ်တုတ်ထိုင်နေရတာ ၊ ခုလို ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေ မှာ ဘုရားပြည်သူတွေ လာရောက်ကြတဲ့အတွက် ရောင်းကောင်းပါတယ် ၊ အများဆုံး ဝယ်တာက တော့ အညာလက်ဆောင် ပြောင်းဖူးစိကြော် နဲ့ မြေပဲရွကြော်တွေ ဝယ်တာများပါတယ်” ဟု ဒေါ်ဝင်းဝင်း က ခုလို ပြောကြားသည်။

ရုံးပိတ်ရက် နှင့် ကျောင်းပိတ်ရက် ကာလတို့တွင် မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ ဘုရားနှင့် နဂါးပွတ်တောင်တော်တို့၌ ဘုရားဖူးပြည်သူများ၊ ဘုရားဖူး လာရောက်သည့် ဝန်ထမ်းများဖြင့် အထူး စည်းကားလျက်ရှိကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)




  •  သီတင္းကြၽတ္႐ုံးပိတ္ရက္ ႏွင့္ ေက်ာင္းပိတ္ရက္ ကာလအတြင္း ရွင္ပင္စကၠိန္းတဲဘုရားတြင္ ဘုရားဖူးျပည္သူမ်ားျဖင့္ စည္ကားလ်က္ရွိ
  • မင္းဘူး    ေအာက္တိုဘာ        ၁၃
  •     မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕ ရွင္ပင္စကၠိန္းတဲေစတီေတာ္တြင္ သီတင္းကြၽတ္႐ုံး ပိတ္ရက္ ႏွင့္ ေက်ာင္းပိတ္ရက္ ကာလအတြင္း ဘုရားဖူးျပည္သူမ်ား ၊ ႏိုင္ငံဝန္ထမ္းမ်ားျဖင့္ အထူး စည္ကားမ်ားျပားလ်က္ရွိေၾကာင္း သိရသည္။
  •     “ ကြၽန္ေတာ္က ဘ႑ထိန္းေဂါပကအဖြဲ႕ဉကၠဌ ျဖစ္ပါတယ္၊ ရွင္ပင္စကၠိန္းတဲေစတီေတာ္ ကို ရပ္ေဝးဘုရားျပည္သူေတြအတြက္ ညအိမ္လည္း တည္းခိုလို႔ရပါတယ္၊ ဘုရားႀကီး အေနာက္ ဖက္မွာ ဧည့္သည္ေဆာင္မ်ားရွိၿပီး အခမဲ့ တည္ခိုးႏိုင္ပါေၾကာင္း၊  ရင္ျပင္ေတာ္ ေျမာက္ဘက္မွာ ကားရပ္နားဖို႔အတြက္ ေပ ၂၀၀ ပတ္လည္ ရွိတဲ့ ကားရပ္နားကြင္းကိုလည္း တိုးခ်ဲ႕စီစဥ္ထားပါတယ္၊ ဆိုင္ခန္းေတြလည္း စနစ္တက် သတ္မွတ္ထားတဲ့ ေနရာမွာပဲ ေရာင္းခ်ခြင့္ျပဳထားပါတယ္၊ ပတ္ဝန္းက်င္ သာယာလွပေရး အတြက္ ေတာင္ဘက္ ကုန္းေတာ္ ေတြေပၚမွာ စက်င္ေက်ာက္မ်ား ခင္းထားပါေၾကာင္း၊ ျမသလြန္ဘုရားႀကီး ႏွင့္ ဧရာဝတီတံတားကိုလည္း ၾကည့္ရႈလို႔ရေအာင္ ေနရာမ်ားလည္း စီစဥ္ထားရွိထားပါေၾကာင္း၊ မင္းဘူးၿမိဳ႕မ လြတ္လပ္ေပ်ာ္႐ႊင္တတ္ေသာ အဖြဲ႕မွ ဆီမီး ၉၀၀၀ လႉဒါန္းပူေဇာ္မွာ ျဖစ္ပါေၾကာင္း၊  ေအာက္မွာ ကားႀကီးေတြ ရပ္နားဖို႔ စီစဥ္ထားပါတယ္”  ဟု ဘ႑ထိန္းေဂါပကအဖြဲ႕ဉကၠဌ ဉီးေဇာ္သိန္း က ခုလိုေျပာၾကားသည္။
  • “ကြၽန္ေတာ္က စီးပြါး/ကူးသန္း ဝန္ႀကီးဌာန၊ ေနျပည္ေတာ္က ျဖစ္ပါတယ္၊ မိသားစု ေမာင္ႏွမေတြလည္း ပါတယ္၊  ကေလးေတြ ေက်ာင္းပိတ္ရက္ေၾကာင့္ အခုလို လာျဖစ္ သြားတာပါ ၊ အခုဆိုရင္ ရွင္ပင္စကၠိန္းတဲေစတီေတာ္ကို ေရာက္တာဆိုရင္ သုံးေခါက္ရွိပါၿပီ အရင္ထက္စာရင္ လမ္းေတြတအားေကာင္းလာပါတယ္၊ ဒီကေန နဂါးပြတ္ေတာင္ေတာ္၊ မန္းေ႐ႊစက္ေတာ္ကို ဆက္သြားမွာပါ ၊  အျပန္မွာ မေကြးျမသလြန္ ေစတီ ေတာ္ မွာ တစ္ညအိမ္ၿပီးမွ ျပန္ၾကမွာပါ” ဟု စီးပြါး/ကူးသန္း ဝန္ႀကီးဌာန မွ ဉီးခင္ေမာင္ေဆြ မွ ခုလို ေျပာၾကားသည္။
  • “ကြၽန္မက စကၠိန္းတဲဘုရားမွာ ေစ်းေရာင္းတာပါ ၊ ေဒသထြက္ကုန္ေတြကို ကိုယ္တိုင္လုပ္ ေရာင္းတာပါ ၊ ဒီႏွစ္မွ အေဒၚဆိုင္ခန္းမဲေပါက္လို႔ အေဒၚနဲ႔ လာေရာင္းျဖစ္တာပါ ၊ အရင္ရက္ေတြ က ဆိုရင္ ေရာင္းမေကာင္းဘူး ငုတ္တုတ္ထိုင္ေနရတာ ၊ ခုလို ႐ုံးပိတ္ရက္ ေက်ာင္းပိတ္ရက္ေတြ မွာ ဘုရားျပည္သူေတြ လာေရာက္ၾကတဲ့အတြက္ ေရာင္းေကာင္းပါတယ္ ၊ အမ်ားဆုံး ဝယ္တာက ေတာ့ အညာလက္ေဆာင္ ေျပာင္းဖူးစိေၾကာ္ နဲ႔ ေျမပဲ႐ြေၾကာ္ေတြ ဝယ္တာမ်ားပါတယ္” ဟု ေဒၚဝင္းဝင္း က ခုလို ေျပာၾကားသည္။
  • ႐ုံးပိတ္ရက္ ႏွင့္ ေက်ာင္းပိတ္ရက္ ကာလတို႔တြင္ မင္းဘူးၿမိဳ႕ ရွင္ပင္စကၠိန္းတဲ ဘုရားႏွင့္ နဂါးပြတ္ေတာင္ေတာ္တို႔၌ ဘုရားဖူးျပည္သူမ်ား၊ ဘုရားဖူး လာေရာက္သည့္ ဝန္ထမ္းမ်ားျဖင့္ အထူး စည္းကားလ်က္ရွိေၾကာင္း သိရသည္။
  • ေက်ာ္စိုးဝင္း(မင္းဘူး)

 

0 comments:

Post a Comment