Tuesday, October 8, 2019

ဆိုလာစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်မည့် ကျေးရွာလေးရွာအား ဆိုလာမီးသုံးစွဲခြင်း အသိပညာပေး


ငြိမ်းသူ(စလင်း)
တောင်တွင်းကြီး  အောက်တိုဘာ  ၈
=========================
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈- ၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် (National Electrification Project - NEP) စီမံကိန်း ICB-3 တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်မည့်ကျေးရွာ လေးရွာ အား ဆိုလာမီးသုံးစွဲခြင်း အသိပညာပေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါ ကျေးရွာများအား ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် ဦးစီးမှူး ဦးသိန်း‌အောင်နှင့် ဝန်ထမ်းများက တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်မည့် တောင်တွင်းကြီး မြို့နယ် အတွင်းရှိ လိပ်တိုက်ကျေးရွာ၊ ဘူတာကျေးရွာ၊ ပတ်လည်ကြီးကျေးရွာ၊ သစ်ခုတ်ကွင်းကျေးရွာ များမှာ ဆိုလာသုံးစွဲသော ပြည်သူများအား ဆိုလာမီးသုံးစွဲခြင်းနှင့် စပ်လျဥ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကျေးရွာ များသို့ဖြန့်ဝေကာ အများပြည်သူမြင်သာ သောနေရာများတွင် ချိတ်ဆွဲခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


တောင်တွင်းကြီးမြို့နယ်တွင် NEP (ICB-3) တစ်အိမ်သုံးဆိုလာစနစ်ဖြင့် အဆိုပါ ကျေးရွာ‌ လေးရွာတွင် ဆိုလာ ၆၀ ဝပ်(၂၃၁) ယူနစ်၊ ၁၀၀ ဝပ် (၉၅)ယူနစ်၊ မူလတန်ကျောင်း ၂ကျောင်း၊ အလယ်တန်းကျောင်း၂ကျောင်း၊ ကျန်းမာရေးအဆောက်အဦ၂ခု၊ ဘာသာရေး အဆောက်အဦ၉ခု၊ လမ်းမီးတိုင်(၅၀)တိုင် တို့အား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးသိန်း‌အောင် က ပြောပြ၍သိရသည်။

 ငြိမ်းသူ(စလင်း)
    

0 comments:

Post a Comment