ရက်စွဲ ၂၀၁၉ ခုနှစ် အောက်တိုဘာ လ ၈ ရက်
မကွေးတိုင်းဒေသကြီး၊
ဂန့်ဂေါခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ
ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်ကျေးလက်ဦးစီးဌာနများမှ
မိမိတို့မြို့နယ်အတွင်း အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး (NEP)စီမံကိန်း ICB-2 ၊
ICB-3များဖြင့် တစ်အိမ်သုံးဆိုလာစနစ်
မီးရရှိရေး ဆောင်ရွက်ထားသော ကျေးရွာများတွင်
ဆိုလာမီးသုံးစွဲခြင်းအသိပညာပေးဟောပြောပွဲများကို အောက်တိုဘာလ ပထမပတ်က
ခရိုင်ဦးစီးမှူး၊မြို့နယ်ဦးစီးမှူးများနှင့် မီးလင်းရေးတာဝန်ခံများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း
ဂန့်ဂေါခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး
ဦးဝင်းအောင်ထံက သိရသည်။
အဆိုပါဟောပြောပွဲများတွင်
တစ်အိမ်သုံးဆိုလာစနစ်နှင့် အများပိုင်စနစ်များ အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်
အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အထူးသတိပြုရမည့် အချက်များ
ရှင်းလင်းပြောကြားခြင်းနှင့် ပညာပေးဗီနိုင်းပိုစတာများကို
ကျေးရွာများသို့ဖြန့်ဝေကာ အများပြည်သူ မြင်သာသောနေရာများတွင်
ချိတ်ဆွဲခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ဂန့်ဂေါခရိုင်အတွင်း
အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး (NEP)စီမံကိန်း ICB-2 ၊ ICB-3များဖြင့် တစ်အိမ်သုံးဆိုလာစနစ် ဆောင်ရွက်ထားသော ကျေးရွာများမှာ
ဂန့်ဂေါမြို့နယ်တွင်၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် ICB-2ဖြင့်
ကျေးရွာ (၇) ရွာ၊ ထီးလင်းမြို့နယ်တွင်၂၀၁၇-၂၀၁၈ခုဘဏ္ဍာရေးနှစ် ICB-2
ဖြင့် (၇) ရွာ၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေး နှစ် ICB-3ဖြင့် (၂) ရွာနှင့် ဆောမြို့နယ်တွင် ၂၀၁၇-၂၀၁၈ခုဘဏ္ဍာရေးနှစ် ICB-2ဖြင့် (၁၀) ရွာ စုစုပေါင်း ကျေးရွာ ၂၆ ရွာအား
ဆိုလာမီးသုံးစွဲခြင်းအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရ သည်။
ဇော်မင်းဌေး(ခရိုင်ကျေးလက်)
0 comments:
Post a Comment