Thursday, October 17, 2019

မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဌဖလား ကလပ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ




မင်းဘူး          အောက်တိုဘာ                    ၁၇
          မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌဖလား ကလပ်ပေါင်းစုံ အသက်(၂၁)နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က မင်းဘူးခရိုင် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း  သိရသည်။

          အခမ်းအနားတွင် ရှေးဉီးစွာ ပြိုင်ပွဲဝင် အသင်းများမှ ကွင်းအတွင်းသို့ နေရာယူကြပြီး အားကစားအဓိဌာန်ကို ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ မင်းဘူးမြို့နယ် အား/ကာကော်မတီဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ က ၂၀၁၉ ခုနှစ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌဖလား ကလပ်ပေါင်းစုံ အသက် (၂၁) နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်အမှာ စကားပြောကြား ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ မှ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် မင်းဘူးမြို့နယ် လက်ရွေးစင်ဟောင်းအသင်း နှင့် ရေနံချောင်းမြို့နယ် လက်ရွေးစင် ဟောင်း အသင်းတို့မှ ချစ်ကြည်ရေးပွဲအဖြစ် ပါဝင်သရုပ်ပြ ကစားခဲ့ကြောင်း သိရသည်။

          အဆိုပါ ကလပ်ပေါင်းစုံ အသက် (၂၁) နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တို ဘာလ ၁၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ မင်းဘူးမြို့နယ်အတွင်းရှိ ကလပ် အသင်းပေါင်း(၅)သင်းမှ ပတ်လည်စနစ်ဖြင့် ပါဝင်ယှဉ်ပြိုင် ကစားသွားမှာဖြစ်ကြောင်း သိရသည်။ အဖွင့်ပွဲစဉ်တွင် ရွာသာယာကလပ်အသင်းက အမှတ်(၃)ကလပ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။     
          ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment