Saturday, October 12, 2019

မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၈၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်(၁၉)ကြိမ်မြောက် သစ်သီးဆွမ်းနှင့်ပန်း(၉၀၀၀)ကပ်လှူပူဇော်


မကွေး အောက်တိုဘာ ၁၃
မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၈၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်(၁၉)ကြိမ်မြောက် သစ်သီး ဆွမ်းနှင့်ပန်း(၉၀၀၀)ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၁၃၈၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၊ အောက်တို ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီက မြသလွန်စေတီတော်ရင် ကြာသပတေးရပ်၌ ကျင်းပပြုလုပ်သည်။

သစ်သီးဆွမ်းနှင့်ပန်း(၉၀၀၀)ကပ်လှူပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုး ညိုနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊တိုင်းဒေသကြီးလွှတ်တော် ဒု-ဥက္ကဌ ဦးဇော်မျိုးဝင်းနှင့်လွှတ်တော်ကိုယ်စား လှယ်များ၊ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ ဆွမ်း၊ရေချမ်း၊ပန်း၊ဆီမီးများ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ထိုသို့ကပ်လှူပူဇော်ရာတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းများက အရပ်(၁၀)မျက်နှာ မေတ္တာပို့ ဆုတောင်းရွက်ဆိုပြီး သီလရှင်ဆရာလေးများနှင့်ဝတ်အသင်းများမှ ဤသို့ပြုရ မြတ်ပုည အစရှိသည်ဖြင့် ပြုသမျှကုသိုလ် အဖို့အစုစုကို အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွက်ဆို၍ သစ်သီးဆွမ်း နှင့်ပန်း ကပ်လှူပူဇော်ပွဲ ရုပ်သိမ်းခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)

မကွေး အောက်တိုဘာ ၁၃
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment