ပွင့်ဖြူ အောက်တိုဘာ
၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်ရေ သောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးတောင်သူများ သီးနှံအောင်ရေ
အပြည့်အဝ ရရှိရေးအတွက် ရည်ရွယ်ကာ အောက်တိုဘာ ၂၀ ရက်၊ ယနေ့ နံနက် ၆ နာရီမှ စတင်ကာ
မိုးစပါးသီးနှံအောင်ရေ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေဆောင်ရွက် ပေးလျက်ရှိ ကြောင်း မြို့နယ်ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ယခုအချိန်တွင် ရာသီဉတု ပိုပြီးပူပြင်းလာခြင်း
၊ တောင်သူအချို့မှ မိုးစပါးသီးနှံအောင်ရေအား ပိုမိုရယူသုံးစွဲနေခြင်း ၊ လယ်စိုက်ဧက
တိုးပွားလာခြင်း၊ ယခုနှစ်တွင် မြို့နယ်အတွင်း လျှပ်စစ်ရေတင်စနစ်ဖြင့် ရေဖြန့်ဝေရခြင်းများ
တိုးပွား လာခြင်းနှင့် တောင်သူများမှ စပါးစိုက် လယ်မြေများအား
ပြုပြင်မှုအားနည်းလာသည့်အတွက် လယ်မြေနှင့် ရေပေးမြောင်း အနိမ့်အမြင့် ပိုမိုကွာဟလာခြင်းတို့ကြောင့်
မိုးစပါးသီးနှံအောင်ရေ ဖြန့်ဝေပေးရာတွင် အခက်အခဲများ
ကြုံနေသဖြင့် အလှည့်ကျ စနစ်ဖြင့် ပြောင်းလဲ ဖြန့်ဝေပေးရခြင်း ဖြစ်ကြောင်း ၊
တောင်သူများ မိုးစပါးသီးနှံအောင်ရေ အပြည့်အဝရရှိစေရန် အလှည့်ကျ စနစ်ဖြင့် ဖြန့်ဝေပေးခြင်းကို တောင်မုန်းမြောင်းမကြီး
လက်တံ (၂၊ ၃ ၊ ၄ - က ၊ ၅ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၁
၊ ၁၃ )တို့ကို အပတ်စဉ်(တနင်္ဂနွေနေ့) ၊ နံနက်
၆ နာရီမှ (ဗုဒ္ဓဟူးနေ့) နံနက် ၆ နာရီအထိ (၃)ရက် ဖြန့်ဝေပေးပြီး ၊ ဗုဒ္ဓဟူးနေ့ နံနက်
၆ နာရီမှ (တနင်္ဂနွေနေ့) နံနက် ၆ နာရီအထိ (၄)ရက် ရပ်နားမှာဖြစ်ကြောင်း ၊ အလားတူ တောင်မုန်းမြောင်းမကြီး
လက်တံ(၄၊ ၆ ၊ ၁၄ ၊ ၁၅ )တို့အား အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီမှ တနင်္ဂနွေနေ့ နံနက်
၆ နာရီအထိ (၄) ရက် ရေဖြန့်ဝေပေးပြီး တနင်္ဂနွေနေ့ နံနက် ၆ နာရီမှ ဗုဒ္ဓဟူးနေ့ နံနက်
၆ နာရီအထိ (၃)ရက် ရေပေးဝေမှု ရပ်နားထားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်း ထံမှ သိရသည်။
ယခုကဲ့သို့ တောင်သူများ မိုးစပါးသီးနှံအောင်ရေ
အပြည့်အဝ ရရှိရေးအတွက် သီးနှံအောင်ရေ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးမည့်အစီအစဉ်အား မြို့နယ်အတွင်းရှိ
တောင်သူများထံ ကြိုတင်အသိပေးအကြောင်းကြားပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးစီးအရာရှိ
ဦးအောင်သူလင်း က ပြောပြသည်။ ရဲဝင်းနိုင် (
ညောင်ဦး )
0 comments:
Post a Comment