မင်းဘူး အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင် ၊ မင်းဘူးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်အဖြစ် အသက် ၇၅ နှစ်
အထက် ဆရာ၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီ အချိန်က
မင်းဘူးမြို့ အ.ထ.က(၂)ကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ
အခမ်းအနားကို မင်းဘူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား/သူလေးများက
“ မြတ်ဆရာ ” သီချင်း သီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဉီးစန်းဌေးက
အောက်တိုဘာလ ၅ ရက်နေ့သည့် ကမ္ဘာ့တစ်ဝန်းလုံးရှိ ဆရာများကို ဂုဏ်ပြုသည့် ကမ္ဘာ့ဆရာများနေ့
ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်သည့် “လူငယ်ခန့်ထားလို့ အနာဂတ် စွမ်းဆောင်ရည်
မြှင့်တင်စို့” ဟူ၍ ဖြစ်ပါကြောင်း၊ နောင်အနာဂတ် တွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော
ပညာတတ်များဖြစ်အောင် ပြုစုပေးထောင် ပေးသည့် ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း ပြောကြားခဲ့ သည်။ ဆက်လက်၍
မင်းဘူးခရိုင် ပညာရေးမှူး ဆရာမကြီးဒေါ်စန်းစန်းအေးက ကုလသမဂ္ဂမှ ပေးပို့သော သဝဏ်လွှာကို
ဖတ်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက်
မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဉီးစန်းဌေး၊ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းအေးနှင့်
တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်
စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း
သိရသည်။
၎င်းနောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး
(၇၀) ဉီးအား တက်ရောက်လာသူများက ကန်တော့ချိုးဖြင့် ကန်တော့ပြီး ကန်တော့ပစ္စည်းများပေးအပ်ခဲ့ပြီး၊
မင်းဘူးမြို့ ခိုင်အောင် ကိုယ်ပိုင်အထက်ကျောင်းမှ ကျောင်းသား/သူများက လက်ဆောင်ပစည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက်
အငြိမ်းစားဆရာကြီး/ ဆရာမကြီးများကိုယ်စား ဆရာကြီး နှင့် ဆရာမ ကြီးတစ်ဉီးစီက ဆုံးမ ဩဝါဒစကား
ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်(မင်းဘူး)
0 comments:
Post a Comment