ပွင့်ဖြူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ
မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်
၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်
ရည်ရွယ်၍ အောက်တိုဘာ ၂၀ ရက်၊ နံနက် ၈ နာရီက လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့်
ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနှင့် ကုန်းဇောင်းကျေးရွာသို့
ဆက်သွယ်ထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း သွားရောက်ပြီး ဆွေးမြေ့ယိုင်နဲ့နေသည့်
လျှပ်စစ်သံတိုင်းများအား ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှဲခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်းနှင့်
ယိုင်နဲ့နေသည့်ဓာတ်အားလိုင်းတိုင်များအား ပြန်လည် တည့်မတ်ခြင်း လုပ်ငန်းများ
ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့်
မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဗို့အား ပြည့်မီစွာ သုံးစွဲခွင့် ရရှိရေးအတွက် ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးလုပ်ငန်းများကို
စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက် ရှိသည့်အပြင် မြို့နယ်အတွင်းရှိ
လျှပ်စစ်မီးမရှိသည့်ကျေးရွာများကိုလည်း ဘဏ္ဍာနှစ်အလိုက် ကျေးရွာလျှပ်စစ်မီးလင်းရေး
လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်
ပြည်သူများ လျှပ်စစ် မီးသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်သုံးစွဲနည်းနှင့်
ပတ်သက်သည့် အသိပညာပေးဟောပြောပွဲ များကိုလည်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။
ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့်
ဓာတ်အားပြည့်စွာ သုံးစွဲနိုင်ရေးအတွက် ပွင့်ဖြူမြို့နယ်နှင့် ကုန်းဇောင်းကျေးရွာသို့ ဆက်သွယ်ထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက်
ကွင်းဆင်းစစ်ဆေးပြီး ဆွေးမြေ့ ယိုင်နဲ့နေသည့် လျှပ်စစ်သံတိုင်း(၅)ခုအား နှုတ်ယူ၍ ကွန်ကရစ်တိုင်များဖြင့်
အစားထိုးလဲလှယ် ပြုပြင်ခြင်း၊ ကြွေသီး ဟောင်းများ လဲလှယ်တပ်ဆင်ခြင်းနှင့် ယိုင်နဲ့နေသည့်
ဓာတ်အားလိုင်း တိုင်များအား ပြန်လည် တည့်မတ်ခြင်း လုပ်ငန်းများကို လိုင်းတာဝန်ခံ
ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီခွဲ အထိ ဓာတ်အားလိုင်း
ကြံ့ခိုင်ကောင်းမွန်ရေး ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )
0 comments:
Post a Comment