Saturday, October 12, 2019

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျေးရွာရွေးချယ်ခြင်းအခမ်းအနားကျင်းပ




ဆင်ပေါင်ဝဲ   အောက်တိုဘာ  ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာများရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်း၊ ဆင်ပေါင်ဝဲ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်း၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်တို့က အဖွင့်အမှာစကားပြေားပါသည်။

ဆက်လက်၍ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ(၁၄)ရွာတွင် ငွေကျပ် သိန်း(၁၀၀)စီထောက်ပံ့ကာ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲပြီး စီမံချက်ပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို  အကောင်အထည် ဖော်ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၁၄၅)ရွာအနက်မှ ကျေးရွာ(၁၄)ရွာကို ရွေးချယ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့နယ် အဆင့် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ကျေးရွာများရွေးချယ်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြစေလိုကြောင်း ရှင်းလင်း ပြောကြားပါသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင်  ကျေးရွာဖွံ့ဖြိုးရေး စီမံချက်လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကျေးရွာ(၁၄) ရွာကို အတည်ပြု ရွေးချယ်ခဲ့ကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာ၊ ၂၀၁၈ခုနစ် မီနီဘတ်ဂျတ်တွင် ကျေးရွာသုံးရွာ၊ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၀)ရွာ စုစုပေါင်း ကျေးရွာ (၁၄) ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သန်းလွင်(မကွေး)

0 comments:

Post a Comment