မင်းဘူး အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ မင်ဘူး(စကု)မြို့နယ်ရှိ မန်ရွှေစက်တော်
ဘုရားပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ရာ ဘုရားပွဲတော်မတိုင်မီ
ဓာတ်လှေကား(၂)စင်းနှင့် စက်လှေကား(၁)စင်း တည်ဆောက်သွားမည် ဖြစ်ပါကြောင်း မန်းရွှေစက်
တော်ဘုရား ဂေါပကအဖွဲ့ရုံး ဉက္ကဌ ထံမှ သိရသည်။
အဆိုပါ ဓာတ်လှေကား(၂)စင်း နှင့် စက်လှေကား(၁)စင်းကို
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မင်းဘူးခရိုင်လုပ်ငန်းကော်မတီ နှင့် မန်းရွှေစက်တော်ဘုရား
ဂေါပကအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်မှာဖြစ်ပြီး၊ ဓာတ်လှေကား အတက်/အဆင်း (၂)စင်းကို အောက်စက်တော်ရာမှ
ကိုးခန်းကြီးဘုရားအထိ လည်းကောင်း၊ စက်လှေကား(၁)စင်းကို ကိုးခန်းကြီး ဘုရားမှ အထက်စက်တော်ရာထိ
တပ်ဆင်သွားရန် စီစဉ်နေပါကြောင်း သိရသည်။
ယခုနှစ် “ဘုရားပွဲတော်အမီ ဓာတ်လှေကား(၂)စင်းနှင့် စက်လှေကား(၁)စင်းတို့ကို
အသုံး ပြုခွင့်ရအောင် ဆောင်ရွက်နေသည့်အတွက် ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် မန်းရွှေစက်တော်
ဘုရားကြီးတွင် လည်းကောင်း၊ မင်းဘူးမြို့ ဂေါပကအဖွဲ့ရုံးတွင် လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း
သိရှိရသည်။ ပါဝင်လှူဒါန်းလိုပါက မန်းရွှေစက်တော်ဘုရား
ဂေါပကအဖွဲ့ရုံး ဖုန်း ၀၆၅-၂၁၁၈၉၊ မန်းရွှေစက်တော်ဘုရား
ဂေါပကအဖွဲ့ဉက္ကဌ ၀၉-၄၀၁၆၄၄၂၈၈ သို့ ဆက်သွယ်
မေးမြန်းစုံစမ်း လှူဒါန်းနိုင်ပါကြောင်း မန်းစက်တော်ရာဘုရားဂေါပကအဖွဲ့ရုံးဉက္ကဌ
ဉီးအောင်သိန်း” ထံမှ သိရ သည်။
အဆိုပါ မန်းရွေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့လဆန်း(၅)ရက်နေ့မှ နှစ်ဆန်း(၁) ရက်နေ့ထိ
ကျင်းပလေ့ရှိပြီး၊ ၂၀၂၀ ခုနှစ်သည် ဝါထပ်သည့်နှစ် ဖြစ်သည့်အတွက် ၂၉-၁-၂၀၂၀ ရက်နေ့တွင်
စောလျှင်စွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment