Friday, October 18, 2019

စလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ဈေးရောင်းပွဲတော်ကျင်းပ


စလင်း၊ အောက်တိုဘာ ၁၈
    မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ ပုထိုးဖြူရပ်ကွက် ညောင်နှစ်ပင်ကျောင်းတိုက်ဝန်းအတွင်း၌ ယမန်နေ့နံနက်က ရန်ကုန်မြို့စိတ်ကူးချိုချိုစာအုပ်တိုက်မှထုတ်ဝေသည့် စာအုပ်အမျိုးမျိုးကိုခင်းကျင်းပြသ၍ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ဈေးရောင်းပွဲတော်ကျင်းပလျှက်ရှိကြောင်းသိရသည်။    အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်ကို ညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော် ဉီးစန္ဒိမာ(စလင်း)၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့ စိတ်ကူးချိုချိုစာအုပ်တိုက်မှလာရောက်ကျင်းပခြင်းဖြစ်ပြီး သတ်မှတ်စာအုပ် တန်းဖိုး၏ ၁၀ ရာနှုန်းလျော့ဈေးဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့မှစ၍ ၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရောင်းချမည်ကြောင်းသိရသည်။

“ ဒီဒေသမှာရှိတဲ့ စာအုပ်စာပေချစ်မြတ်နိုးတဲ့စာဖတ်ဝါသနာရှိတဲ့သူတွေ, ဗဟုသုတရှာဖွေချင်တဲ့ လူငယ်တွေကို သုတ ရသစာအုပ်မျိုးစုံကိုတစ်နေရာတည်းမှာ လွယ်ကူစွာရှာဖွေဖတ်ရှု့နိုင်စေရေးနှင့် အဓိက အနေဖြင့် လူငယ်လူရွယ်များကြား စာဖတ်နှုန်းမြင့်မားစေရေးအတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း ” ဆရာတော်ဉီးစန္ဒိမာမှ မိန့်ကြားသည်။
    ဆရာတော်သည် ဉီးစန္ဒိမာ(စလင်း)ကလောင်အမည်ဖြင့် ဝတ္ထု၊ ကဗျာ၊ ဆောင်ပါး၊ ဘာသာရေးစာပေ များကိုရေးသားလျှက်ရှိပြီး ယခုလိုစာအုပ်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲစသည့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
 စိုးမိုးသူ( စလင်း)

စလင္းၿမိဳ႕၌ စာဖတ္ရွိန္ျမႇင့္တင္ေရးစာအုပ္ေဈးေရာင္းပြဲေတာ္က်င္းပ
စလင္း၊ ေအာက္တိုဘာ ၁၈
    မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕ ပုထိုးျဖဴရပ္ကြက္ ေညာင္ႏွစ္ပင္ေက်ာင္းတိုက္ဝန္းအတြင္း၌ ယမန္ေန႔နံနက္က ရန္ကုန္ၿမိဳ႕စိတ္ကူးခ်ိဳခ်ိဳစာအုပ္တိုက္မွထုတ္ေဝသည့္ စာအုပ္အမ်ိဳးမ်ိဳးကိုခင္းက်င္းျပသ၍ စာဖတ္ရွိန္ျမႇင့္တင္ေရး စာအုပ္ေဈးေရာင္းပြဲေတာ္က်င္းပလွ်က္ရွိေၾကာင္းသိရသည္။
    အဆိုပါ စာအုပ္ေဈးေရာင္းပြဲေတာ္ကို ေညာင္ႏွစ္ပင္ေက်ာင္းတိုက္ဆရာေတာ္ ဉီးစႏၵိမာ(စလင္း)၏ ဖိတ္ၾကားခ်က္အရ ရန္ကုန္ၿမိဳ႕ စိတ္ကူးခ်ိဳခ်ိဳစာအုပ္တိုက္မွလာေရာက္က်င္းပျခင္းျဖစ္ၿပီး သတ္မွတ္စာအုပ္ တန္းဖိုး၏ ၁၀ ရာႏႈန္းေလ်ာ့ေဈးျဖင့္ ေအာက္တိုဘာလ ၁၇ ရက္ေန႔မွစ၍ ၂၁ ရက္ေန႔အထိ ၅ ရက္တိုင္တိုင္ ေရာင္းခ်မည္ေၾကာင္းသိရသည္။
“ ဒီေဒသမွာရွိတဲ့ စာအုပ္စာေပခ်စ္ျမတ္ႏိုးတဲ့စာဖတ္ဝါသနာရွိတဲ့သူေတြ, ဗဟုသုတရွာေဖြခ်င္တဲ့ လူငယ္ေတြကို သုတ ရသစာအုပ္မ်ိဳးစုံကိုတစ္ေနရာတည္းမွာ လြယ္ကူစြာရွာေဖြဖတ္ရႈ႕ႏိုင္ေစေရးႏွင့္ အဓိက အေနျဖင့္ လူငယ္လူ႐ြယ္မ်ားၾကား စာဖတ္ႏႈန္းျမင့္မားေစေရးအတြက္ က်င္းပေပးျခင္းျဖစ္ေၾကာင္း ” ဆရာေတာ္ဉီးစႏၵိမာမွ မိန႔္ၾကားသည္။
    ဆရာေတာ္သည္ ဉီးစႏၵိမာ(စလင္း)ကေလာင္အမည္ျဖင့္ ဝတၳဳ၊ ကဗ်ာ၊ ေဆာင္ပါး၊ ဘာသာေရးစာေပ မ်ားကိုေရးသားလွ်က္ရွိၿပီး ယခုလိုစာအုပ္ျပပြဲ၊ စာအုပ္ေဈးေရာင္းပြဲစသည့္ စာေပဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို လည္းေဆာင္႐ြက္လွ်က္ရွိေၾကာင္းသိရသည္။
 စိုးမိုးသူ( စလင္း)



0 comments:

Post a Comment