မင်းဘူး အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊
သူဌေးကုန်းရပ်ကွက် မဟာသကျမုနိ ကိုးတောင်ပြည့် ရှစ်မျက်နှာဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲ
(၄)ကြိမ်မြောက် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ
ကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ဧရာဝတီမြစ်အတွင်း
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ မင်းဘူး(စကု)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ မှ မြန်မာ့ရိုးရာ အာကစားနည်း တစ်ရပ်ဖြစ်သည့်အတွက်
အားကစားသမားများ အနေဖြင့် အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး၊
တက်ညီလက်ညီ စုပေါင်း အင်အားဖြင့် ယှဉ်ပြိုင်ကြစေလိုပါကြောင်း
ပြောကြားခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီသိန်းဇော်ကံမှ ပါဝင်ယှဉ်ပြိုင်ကြသော အသင်းများအား
ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ အနေနဲ့ မြန်မာ့ရိုးရာ လှေှေလှာ်ပြိုင်ပွဲ
ပပျောက်မသွားအောင်နှင့် ပြည်သူများ အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တက်ညီလက်ညီလုပ်မှသာ
အရာအားလုံးအောင်မြင် မည်ဖြစ်ပါကြောင်း ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊
ဘာသာရေးအရ ဘုရားပွဲကို ပူဇော်တဲ့အနေနဲ့ ရိုးရာလှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း၊
အသက် အငယ်ဆုံး (၁၅)နှစ် အရွယ်ကစားသမားလည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ အသင်း(၇)သင်း ပါဝင်ယှဉ်ပြိင် မှာဖြစ်ပြီး လာမည့်
နှစ်များတွင်လည်း အမျိုးသမီးပြိုင်ပွဲများပါ ထည့်သွင်း ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ မင်းဘူးမြို့၊ သူဌေးကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး
ဉီးစိန်သောင်း” ထံမှ သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ မင်းဘူး(စကု)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊
မြို့နယ်အုပ်ချုပ် ရေးမှူး ဉီးသိန်းဇော်ကံ နှင့် ဇနီး ဒေါ်နန်းရွှေနွယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ
တာဝန်ရှိသူများ၊ မင်းဘူးမြို့ရှိ ကျောင်းသား/သူများ နှင့် ဒေသခံပြည်သူများလာရောက် အားပေးခဲ့ကြောင်း
သိရသည်။
ပြိုင်ပွဲတွင် ပထမဆု ကျပ်တစ်သိန်း၊ ဒုတိယဆု ကျပ်ခုနှစ်သောင်း၊
တတိယဆု ကျပ် ငါးသောင်း နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment