Sunday, October 20, 2019

အပင်သန်ဆေးများဖြင့်စိုက်ပျိုးတဲ့နှစ်တိုသနပ်ခါးများကြောင့်သဘာ၀အတိုင်းစိုက်ပျိုးတဲ့သနပ်ခါးများရောင်းအားကျဆင်း


မကွေး အောက်တိုဘာလ ၂၀ ရက်
အပင်သန်ဆေးများကိုအသုံးပြုပြီးသနပ်ခါးကိုနှစ်တိုတိုနဲ့ရောင်းတန်းဝင်အောင်စိုက်ပျိုးရောင်းချမှု
တွေရှိလာတာကြောင့်သဘာ၀အတိုင်းစိုက်ပျိုးတဲ့အရည်အသွေးမြင့်သနပ်ခါးများမှာရောင်းအားကျဆင်း
နေ‌ေကြာင်း သနပ်ခါးရောင်းချသူများ ထံက သိရသည်။
သနပ်ခါးမှာမြန်မာနိုင်ငံဒေသအတော်များများမှာထွက်တာဖြစ်ပြီးမကွေးတိုင်းဒေသကြီး
ပခုက္ကူခရိုင်မှာလည်းအများဆုံးထွက်ရှိသည်။

ထွက်ရှိတဲ့သနပ်ခါးတွေကိုဒေသအစုံကိုတင်ပို့ရောင်းချကြတာဖြစ်ပြီးလက်ရှိမှာသဘာ၀အတိုင်းစိုက်ပျိုးတဲ့သနပ်ခါးတွေမှာရောင်းအားကျဆင်း‌ ေန‌ေကြာင်း သနပ်ခါးရောင်းချသူ မပပက ပြောသည်။
သနပ်ခါးမှာရှင်မတောင်မျိုးကအကောင်းဆုံးဖြစ်ပြီးသဘာ၀အတိုင်းစိုက်ပျိုးရင်အနှစ်(၂၀)ခန့်မှရောင်းလို့ရတာပါ။အပင်သန်ဆေးအသုံး ပြုစိုက်ပျိုး ပါက(၄) နှစ်သက်တမ်းလောက်အ တွင်းရောင်းချနိုင်တယ် အဲ့ဒါကြောင့် သဘာ၀အတိုင်းစိုက်ပျိုးတဲ့ သနပ်ခါး တွေက ရောင်းအားကျဆင်းနေတယ်လို့မကွေးမြို့၊မြို့မစျေးအတွင်းပခုက္ကူထွက်သနပ်ခါးတွေကိုရောင်းချနေတဲ့

မပပကပြောသည်။
မကွေးမြို့သနပ်ခါးအရောင်းအဝယ်မှာမန်းရွှေ စက်တော်ဘုရားပွဲတော်ကာလနဲ့သီတင်းကျွတ်
ပွဲ မြသလွန်ဘုရားပွဲတော်ကာလ တွေအတွင်း ပုံမှန်ထက်အရောင်းအဝယ်ပိုကောင်း‌ေကြာင်းသိရသည်။
ရယ်ဒီမိတ်အသင့်လိမ်းသနပ်ခါးများ၊မိတ်ကပ် များလိမ်းသူတွေများလာပေမယ့်သဘာ၀အတိုင်းသနပ်ခါးတုံးကိုသွေးပြီးလိမ်းရတာကြိုက်တဲ့သူတွေလဲရှိတာကြောင့်ပုံမှန်တော့ရောင်းနေရတယ် တခါတလေ ဈေးဦးမပေါက်တဲ့နေ့တွေလည်း ရှိတယ်လို့မကွေးမြို့၊မြို့မစျေးကြီးအတွင်းမြိုင်မှ သနပ်ခါးလာရောက်ရောင်းချသူ ဒေါ်ဌေး ကပြောသည်။
အပင်သန်ဆေးတွေအသုံးပြုပြီးနှစ်တိုတိုနဲ့စိုက်ပျိုးထုတ်လုပ်ရောင်းချနေတဲ့သနပ်ခါးတွေမှာကြာရှည်အထားမခံခြင်း၊ကြာရှည်ထားပါက ပိုးထိုးခြင်း၊အမွှေးအနံ့မှာလည်းကြာရှည်မခံကြောင်းသိရသည်။နှစ်ရှည်စိုက်ပျိုးထားတဲ့သဘာ၀သနပ်ခါးမှာနှစ်ရှည်အထားခံသလိုအမွှေးအနံ့မှာလည်းကြားရှည်ခံ‌ေကြာင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment