Friday, October 18, 2019

စလင်းမြို့ဝက်သည်းကန်အတွင်းရှိ ရှင်ပင်ရွှေမုဌောဘုရားတွင်ဘုရာဖူးများဖြင့်စည်ကား


စလင်း၊ အောက်တိုဘာ ၁၄
    သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏အထွက်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့ ဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏အထင်ကရနေရာတစ်ခုဖြစ်သော ဝက်သည်းကန် အတွင်းရှိ ရှင်ပင်ရွှေမုဌောဘုရားတွင် သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ညနေပိုင်းက အနယ်နယ် အရပ်ရပ်မှဘုရားဖူးများ၊ အပန်းဖြေလာရောက်သူများဖြင့် စည်းကားများပြားခဲ့ကြောင်းသိရသည်။


    ဝါလကင်းလွတ်သီတင်းကျွတ်ကာလအစိုးရရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များဖြစ်သောကြောင့် ရပ်နီး ရပ်ဝေးမှဘုရားဖူးများ၊ ဒေသခံပြည်သူများသည် မိမိတို့အားလပ်ရက်အတွင်းပျော်ရွင်စွာလာရောက်အပန်းဖြေ ကြပြီး ဝက်သည်းကန်အတွင်းတွင်တည်ထားကိုးကွယ်တော်မှုသော ရှင်ပင်ရွှေမုဌောဘုရားအား ပန်း၊ ရေချမ်း ဆက်ကပ်ကုသိုလ်ယူသူများ၊ ဥပုသ်သီတင်းဆောက်တည်သူများ၊ ငါးအစာကြွေးသူများ၊ ကန်အတွင်းခြေနင်း အပျော်စီးလှေစီးသူများ၊ ဘုရားရင်ပြင်တွင်အမှတ်တရဓါတ်ပုံရိုက်သူများ၊ ကန်အနောက်ဘက်ရှိ ကန်ညောင် ကုန်းတောရကျောင်းသို့ အပျာ်စီးစက်လှေစီးသူများဖြင့်စည်ကားများပြားခဲ့သည်။
    ထိုနောက်ညနေချမ်းအချိန်တွင် ရှင်ပင်ရွှေမုဌောကျောင်းဆရာတော်ဉီးမာဏီတမှကြီးကြပ်၍  ဘုရား အား ဆီမီးတစ်ထောင်ဖြင့်ပူဇော်ကန်တော့ပြီး စလင်းမြို့ပေါ်ရှိအလှူရှင်များက လာရောက်ကြသူများအား အချိုရေ၊ ဖျော်ရေအအေးများဖြင့်ဧည့်ခံခဲ့ကြောင်းသိရသည်။
 စိုးမိုးသူ( စလင်း)




စလင္းၿမိဳ႕ဝက္သည္းကန္အတြင္းရွိ ရွင္ပင္ေ႐ႊမုေဌာဘုရားတြင္ဘုရာဖူးမ်ားျဖင့္စည္ကား
စလင္း၊ ေအာက္တိုဘာ ၁၄
    သီတင္းကြၽတ္လျပည့္ေန႔သည္ ဗုဒၶဘာသာဝင္မ်ား၏အထြက္အျမတ္ထားရာ အဘိဓမၼာအခါေတာ္ေန႔ ျဖစ္သည္ႏွင့္အညီ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕၏အထင္ကရေနရာတစ္ခုျဖစ္ေသာ ဝက္သည္းကန္ အတြင္းရွိ ရွင္ပင္ေ႐ႊမုေဌာဘုရားတြင္ သီတင္းကြၽတ္လျပည့္ေန႔ ယမန္ေန႔ညေနပိုင္းက အနယ္နယ္ အရပ္ရပ္မွဘုရားဖူးမ်ား၊ အပန္းေျဖလာေရာက္သူမ်ားျဖင့္ စည္းကားမ်ားျပားခဲ့ေၾကာင္းသိရသည္။
    ဝါလကင္းလြတ္သီတင္းကြၽတ္ကာလအစိုးရ႐ုံးပိတ္ရက္၊ ေက်ာင္းပိတ္ရက္မ်ားျဖစ္ေသာေၾကာင့္ ရပ္နီး ရပ္ေဝးမွဘုရားဖူးမ်ား၊ ေဒသခံျပည္သူမ်ားသည္ မိမိတို႔အားလပ္ရက္အတြင္းေပ်ာ္႐ြင္စြာလာေရာက္အပန္းေျဖ ၾကၿပီး ဝက္သည္းကန္အတြင္းတြင္တည္ထားကိုးကြယ္ေတာ္မႈေသာ ရွင္ပင္ေ႐ႊမုေဌာဘုရားအား ပန္း၊ ေရခ်မ္း ဆက္ကပ္ကုသိုလ္ယူသူမ်ား၊ ဥပုသ္သီတင္းေဆာက္တည္သူမ်ား၊ ငါးအစာေႂကြးသူမ်ား၊ ကန္အတြင္းေျခနင္း အေပ်ာ္စီးေလွစီးသူမ်ား၊ ဘုရားရင္ျပင္တြင္အမွတ္တရဓါတ္ပုံ႐ိုက္သူမ်ား၊ ကန္အေနာက္ဘက္ရွိ ကန္ေညာင္ ကုန္းေတာရေက်ာင္းသို႔ အပ်ာ္စီးစက္ေလွစီးသူမ်ားျဖင့္စည္ကားမ်ားျပားခဲ့သည္။
    ထိုေနာက္ညေနခ်မ္းအခ်ိန္တြင္ ရွင္ပင္ေ႐ႊမုေဌာေက်ာင္းဆရာေတာ္ဉီးမာဏီတမွႀကီးၾကပ္၍  ဘုရား အား ဆီမီးတစ္ေထာင္ျဖင့္ပူေဇာ္ကန္ေတာ့ၿပီး စလင္းၿမိဳ႕ေပၚရွိအလႉရွင္မ်ားက လာေရာက္ၾကသူမ်ားအား အခ်ိဳေရ၊ ေဖ်ာ္ေရအေအးမ်ားျဖင့္ဧည့္ခံခဲ့ေၾကာင္းသိရသည္။
 စိုးမိုးသူ( စလင္း)



0 comments:

Post a Comment