Wednesday, October 30, 2019
တောင်တွင်းကြီးမြို့နယ် ဆတ်သွားနယ်မြေရဲစခန်းအပိုင်ကံလှကန်အုပ်စု ညောင်ဝန်းကျေးရွာတွင်ငါးရှော့တိုက်ဖမ်းရာ မှလူတစ်ဦးသေဆုံးခဲ့
အောက်တိုဘာ   -၂၉
သတင်း-ဇွဲသူရိန်(မကွေး)
  အောက်တိုဘာလ(၂၉)ရက်နေ့ (၈ း ၀၀)နာရီအချိန်ခန့်ကသေဆုံးသူ သန်းဇော်
သည် ငါးရှော့တိုက်သွားမည်ဟုဆိုကာ ဘက်
တ္ထရီအိုးနှင့်ငါးရှော့တိုက်တံတို့ကိုယူ၍နေအိမ်မှထွက်သွားကြောင်းသိရသည်။သန်းဇော်သည်ေ
ညာင်းဝန်းကျေးရွာ၏မြောက်ဖက် ၁ ဖာလုံခန့်
အကွာရှိ အကျယ်(၃)ပေခန့် အနက်(၁ ပေခွဲ)
ခန့်ရှိချောင်းရေအတွင်းငါးရှော့တိုက်ဖမ်းနေစဉ်
ဓါတ်လိုက်၍လဲကျနေသည်ကို လယ်ရေသွင်းရ
န်သွားသောတစ်ရွာထည်းနေ ဦးသောင်းဟန်
နှင့်ဦးခင်ဆောင်တို့မှတွေ့၍ အော်ဟစ်အကူအ
ညီတောင်းသဖြင့်ရွာမှလူများရောက်လာရာ သ
န်းဇော်မှာချောင်းအတွင်းရေစပ်တွင်ပက်လက်လန်ကာလဲကျနေပြီး ၎င်း၏ခန္ခာကိုယ်အောက်
တွင်ငါးရှော့တိုက်တံနှင့်ဘက်တ္ထရီအိုးတို့မှာပိမိနေကြောင်းတွေ့ရှိသဖြင့် အမြန်ကယ်ဆယ်ကာ
တောင်တွင်းဆေးရုံသို့ပို့ဆောင်စဉ် ၉ း ၂၅ အ
ချိန်ခန့်တွင်လမ်း၌သေဆုံးသွားကြောင်းကို ၎င်း
၏ဖခင်ဖြစ်သူဦးမောင်မြင့်မှပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဆတ်သွားနယ်မြေရဲစခန်းအပိုင်ကံလှကန်အုပ်စု ညောင်ဝန်းကျေးရွာတွင်ငါးရှော့တိုက်ဖမ်းရာ
မှလူတစ်ဦးသေဆုံးခဲ့
--------------------------------------------
အောက်တိုဘာ   -၂၉
သတင်း-ဇွဲသူရိန်(မကွေး)
0 comments:
Post a Comment