မင်းဘူး အောက်တိုဘာ ၂၇
၂၀၁၉ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၁)
အခြေခံပညာအထက်တန်း ကျောင်း၊ ကျောင်းသား/သူဟောင်းများမှ စုစည်းကျင်းပသော အသက်(၆၀)ပြည့်
အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား ဆဌမအကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို
ယနေ့ နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့၊ အထက(၁)ကျောင်း၊ ဉီးဩဘာသ ခန်းမတွင် ကျင်းပခဲ့ကြောင်း
သိရသည်။
အခမ်းအနားတွင် ရှေးဉီးစွာ ကျောင်းသူဟောင်း တစ်ဉီးမှ “မြတ်ဆရာ”
သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး၊ အသက်(၇၀)နှစ် နှင့် အထက် ဆရာကြီး/ဆရာမကြီးများအား
ကန်တော့ချိုးဖြင့် ရွတ်ဆို၍ ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ ဆရာရဲ့ ဂရုဏာ သီချင်းဖြင့် ဖျော်ဖြေသီဆိုခဲ့ပြီး၊
အသက် (၆၀)နှစ် နှင့် အထက် ဆရာကြီး/ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ရွတ်ဆို၍ ကန်တော့ခဲ့ကြပြီး၊ မေတ္တာပို့ အမျှဝေခြင်းများ
ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ကန်တော့ခံ ဆရာကြီးတစ်ဉီးက ဆုံးမဩဝါဒစကား ပြောကြား ခဲ့ကြောင်း
သိရသည်။
ထို့နောက် အာစရိယပူဇော်ပွဲ ကျင်းပရေး ကော်မတီဉက္ကဌ ဉီးစိုးကျော်သူ
မှ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ နှင့် ဘဏ္ဍာရေးမှူး ဉီးလှိုင်မင်းထွန်း မှ ငွေစာရင်းဆိုင်ရာ
ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသက်(၇၅)နှစ်အောက် ကန်တော့ခံ ဆရာမကြီးတစ်ဉီးမှ
ဆုပေးစကား ပြောကြားခဲ့ပြီး၊ ဉာဏ်စမ်းပဟေဠိ နှင့် စကားရည်လုပြိုင်ပွဲတွင် ဆုရကျောင်းသား(၂)ဉီးက
သရုပ်ပြ တင်ဆက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဉီးကျော်စွမ်းရည်၊ အပူဇော်ခံ ဆရာကြီး/ ဆရာမကြီး(၁၅၀)ဉီး နှင့် မင်းဘူးမြို့၊ အထက(၁)မှ
ကျောင်းသား/ သူဟောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများ၏ ကျန်းမာရေး
ထောက်ပံ့ငွေအဖြစ် (၅၀၀၀၀)ကျပ် နှင့် နာရေးထောက်ပံ့ငွေ အဖြစ် (၅၀၀၀၀)ကျပ် ထောက်ပံ့ပေးသွားမှာ
ဖြစ်ပါကြောင်း” ကျင်းပရေး ကော်မတီ ထံမှ သိရသည်။ ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment