Saturday, October 12, 2019

ရေခဲသေတ္တာ ဂတ်(စ်) ပိုက်လိုင်း အပူလွန်ကဲရာမှ မကွေးမြို့ မြင်သာရပ်၊ မဲထီးလမ်း နိုဘယ်လ်စတိုးဆိုင် မီးလောင်မှုဖြစ်ပွား


မကွေး အောက်တိုဘာလ ၁၃ ရက်
အောက်တိုဘာလ( ၁၃ )ရက် နံနက် (၄နာရီ၁၃) အချိန်က မကွေးမြို့မြင်သာရပ်ကွက် မဲထီးလမ်း နှင့်ငု‌ရွှေဝါ လမ်းဒေါင့်ရှိ ဦးထွန်းထွန်းဦး ဖွင့်လှစ် ထားသည့် နိုဘယ်လ်စတိုးဆိုင်မှ ရေခဲသေတ္တာ ဂတ်(စ် )ပိုက်လိုင်း အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


အဆိုပါမီးလောင်မှုကြောင့် ပေ ၊(၄၀×၆၀ ) အာစီရ် (၂) ထပ်ကွန်ကရစ်တိုက်အောက်ထပ် ဆိုင်းအတွင်းရှိ ရေခဲသေတ္တာ ဂတ်(စ်) ပိုက်လိုင်း အပူလွန်ကဲရာမှစတင်မီးလောင်ခဲ့ပြီး နံနက် (၄နာရီ၃၅ )အချိန်မှာ မီးငြိမ်းသွားကြောင်း ယင်းမီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၃၅၅၀၀၀၀) ရှိခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့မြို့နယ်မီးသတ်ဦးစီးမှူး ဦးသောင်းတင် ပါ (၃၄)ဦး အရံမီးသတ် (၅)ဦး ရပ်ကွက်နေပြည်သူများဖြင့် မီးငြိမ်းသတ်ယာဉ် (၄)စီး ရေသယ်ယာဉ်(၁)စီး ဝိုင်းဝန်းငြိမ်းသတ် ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၂၀၁၉အောက်တိုဘာလ (၁၃)ရက်  နံနက် (၅နာရီ၄၀)အချိန်က မကွေးမြို့မ စခန်းတွင် (ပ)၁၉၀၃ /၁၉ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။   ဇာမဏီ

ေရခဲေသတၱာ ဂတ္(စ္) ပိုက္လိုင္း အပူလြန္ကဲရာမွ မေကြးၿမိဳ႕ ျမင္သာရပ္၊ မဲထီးလမ္း ႏိုဘယ္လ္စတိုးဆိုင္ မီးေလာင္မႈျဖစ္ပြား
မေကြး ေအာက္တိုဘာလ ၁၃ ရက္
ေအာက္တိုဘာလ( ၁၃ )ရက္ နံနက္ (၄နာရီ၁၃) အခ်ိန္က မေကြးၿမိဳ႕ျမင္သာရပ္ကြက္ မဲထီးလမ္း ႏွင့္ငု‌ေ႐ႊဝါ လမ္းေဒါင့္ရွိ ဦးထြန္းထြန္းဦး ဖြင့္လွစ္ ထားသည့္ ႏိုဘယ္လ္စတိုးဆိုင္မွ ေရခဲေသတၱာ ဂတ္(စ္ )ပိုက္လိုင္း အပူလြန္ကဲရာမွ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အဆိုပါမီးေလာင္မႈေၾကာင့္ ေပ ၊(၄၀×၆၀ ) အာစီရ္ (၂) ထပ္ကြန္ကရစ္တိုက္ေအာက္ထပ္ ဆိုင္းအတြင္းရွိ ေရခဲေသတၱာ ဂတ္(စ္) ပိုက္လိုင္း အပူလြန္ကဲရာမွစတင္မီးေလာင္ခဲ့ၿပီး နံနက္ (၄နာရီ၃၅ )အခ်ိန္မွာ မီးၿငိမ္းသြားေၾကာင္း ယင္းမီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈတန္ဖိုး (၃၅၅၀၀၀၀) ရွိခဲ့ေၾကာင္းသိရသည္။
မီးေလာင္မႈျဖစ္ပြားရာသို႔ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ဦးေသာင္းတင္ ပါ (၃၄)ဦး အရံမီးသတ္ (၅)ဦး ရပ္ကြက္ေနျပည္သူမ်ားျဖင့္ မီးၿငိမ္းသတ္ယာဥ္ (၄)စီး ေရသယ္ယာဥ္(၁)စီး ဝိုင္းဝန္းၿငိမ္းသတ္ ခဲ့ေၾကာင္းသိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ၂၀၁၉ေအာက္တိုဘာလ (၁၃)ရက္  နံနက္ (၅နာရီ၄၀)အခ်ိန္က မေကြးၿမိဳ႕မ စခန္းတြင္ (ပ)၁၉၀၃ /၁၉ ရာဇသတ္ႀကီး ပုဒ္မ-၂၈၅ျဖင့္အမႈဖြင့္ထားေၾကာင္းသိရသည္။  ဇာမဏီ

0 comments:

Post a Comment