Thursday, October 3, 2019

ခရိုင်ထွေ/အုပ် ဝန်ထမ်းဟောင်းအသင်း အလုပ်အမှုဆောင်အဖွဲ့ လုပ်ငန်းကြိုတင် ညှိနှိုင်း အစည်းအဝေး ပြုလုပ်



မင်းဘူး          အောက်တိုဘာ         
          မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က မင်းဘူးခရိုင်ထွေ/အုပ် ဝန်ထမ်းဟောင်းအသင်း အလုပ်အမှုဆောင်အဖွဲ့ လုပ်ငန်းကြိုတင် ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ လုပ်ငန်းကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ခရိုင်ထွေ/အုပ် ဝန်ထမ်းဟောင်းအသင်း အလုပ်အမှုဆောင်အဖွဲ့ ဉက္ကဌ ဉီးမြင့်ဉီး မှ အသင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းကော်မတီ ဖွဲ့စည်းထားမှုအခြေအနေ၊ အသင်း၏ စည်းမျဉ်းစည်းကမ်းများအကြောင်း နှင့် အသင်းရေရှည် တည်တံ့ ခိုင်မြဲအောင် အကြံဉာဏ်များ ပေးစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
          ထို့နောက်  အသင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဉီးမြလွင်မှ သင်းလုံးကျွတ်အစည်း အဝေးကျင်းပမည်ဖြစ်ကြောင်း၊ အသင်း၏ လှုပ်ရှားမှုများအကြောင်း နှင့် ပတ်သက်သည့် လုပ်ငန်း များကို ရှင်းလင်းပြောကြားခဲ့သည်။
          ယင်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ အထွေထွေလုပ်ငန်းရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment