Saturday, October 26, 2019

ပိုင်ရှင်မရှိခိုက် ပစ္စည်းများယူဆောင်နေလျှင် တဲချင်းကပ် နေထိုင်ခြင်း ခွင့်မပြုကြောင်း ပြောဆိုသည်ကို မကျေနပ်သဖြင့် လူနှစ်ဦးအားဓါးခုတ်မှုဖြစ်ပွား



မင်းလှ
အောက်တိုဘာ(၂၆)ရက်

အောက်တိုဘာလ(၂၅)ရက် ညနေ(၄)နာရီအချိန်ခန့်က မင်းလှမြို့နယ် လက်ပန်တံခါးကျေးရွာအနီး ကြီးတိုင်တဲတိုက်တွင် ပိုင်ရှင်မရှိခိုက် ပစ္စည်းများယူဆောင်နေလျှင် တဲချင်းကပ် နေထိုင်ခြင်း ခွင့်မပြုကြောင်း ပြောဆိုသည်ကို မကျေနပ်သဖြင့် လူနှစ်ဦးအားဓါးခုတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဒေါ်ဝင်းနွဲ့(၅၅)နှစ် မင်းလှမြို့နယ် လယ်ယားရှည်ကျေးရွာနေသူသည် ၎င်း၏တဲအနီးရှိ ဌေးမြင့် တဲသို့သွားရောက်၍ ပတ်ဝန်းကျင်တဲများတွင် ပစ္စည်းများပျောက်နေသဖြင့် ထင်းခုတ် ဝါးခုတ်သွားရောက်မ ပြုလုပ်ရန် ပြောဆိုနေစဉ် ခင်ပွန်းဖြစ်သူ ဦအောင်ငြိမ်းရောက်ရှိလာပြီး ဌေးမြင့်အား ပိုင်ရှင်မရှိခိုက် ပစ္စည်းများ ယူဆောင်နေလျှင် တဲချင်းကပ်နေထိုင်ခြင်းခွင့်မပြုကြောင်းပြောဆိုသည်ကို
ဌေးမြင့်မှ မကျေနပ်သဖြင့် ညစ်ညမ်း စွာဆဲဆိုပြီး အနီးရှိကိုင်းခုတ်ဓါးဖြင့်ခုတ်ရာ ဦးအောင်ငြိမ်း(၅၆)နှစ်ယာလက်ကောက် ဝတ်ပိုင်းပြတ်ဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာများရရှိသည်ကိုနွားကျောင်းပြန်လာသည့်သားဖြစ်သူမင်းမင်းထိုက်(၃၆)နှစ် မှတွေ့ရှိ၍ ဖခင်အနီး သို့သွားရောက်ခဲ့ရာ ဌေးမြင့်မှမင်းမင်းထိုက်အားဓါးဖြင့်ထပ်မံခုတ်ခဲ့၍ ဝဲပုခုံးပြတ်ရှဒဏ်ရာ ဝဲချိုစောင်း ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)ဒဏ်ရာများရရှိသဖြင့်ညနေ(၆)နာရီအချိန်တွင် မင်းဘူးပြည်သူ့ဆေးရုံကြီး သို့မှုခင်း ဆေးစာဖြင့်ပေးပို့ထားကြောင်းသိရသည်။



ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ပွန်းနှင့်သားဖြစ်သူအား ဓါးဖြင့်ခုတ်၍ ဒဏ်ရာများရရှိအောင်ပြုလုပ်သူ ဌေးမြင့်(၄၂)နှစ် မင်းလှမြို့နယ်လယ်ယားရှည်ကျေးရွာ နေသူအား ဥပဒေအရအရေးယူပေးရန် ဒေါ်ဝင်းနွဲ့မှတရားလိုပြုလုပ် တိုင်တန်းသဖြင့် အောက်တိုဘာလ(၂၅)ရက်ည(၉)နာရီအချိန် ရေနံမနယ်မြေစခန်းတွင် (ပ)၇၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၆ဖြင့်အမှုရေးဖွင့်၍ အမှုစစ်အဖြစ် ဒုရဲအုပ် သင်္ခါမောင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိ ပြီး ဌေးမြင့်အား အမှုဖြင့်ရေနံမနယ်မြေစခန်း အချုပ်တွင် ဖမ်းဆီးထားကြောင်းသိရသည်။

သတင်း ဇာမဏီ

ပိုင္ရွင္မရွိခိုက္ ပစၥည္းမ်ားယူေဆာင္ေနလွ်င္ တဲခ်င္းကပ္ ေနထိုင္ျခင္း ခြင့္မျပဳေၾကာင္း ေျပာဆိုသည္ကို မေက်နပ္သျဖင့္ လူႏွစ္ဦးအားဓါးခုတ္မႈျဖစ္ပြား

မင္းလွ
ေအာက္တိုဘာ(၂၆)ရက္

ေအာက္တိုဘာလ(၂၅)ရက္ ညေန(၄)နာရီအခ်ိန္ခန႔္က မင္းလွၿမိဳ႕နယ္ လက္ပန္တံခါးေက်း႐ြာအနီး ႀကီးတိုင္တဲတိုက္တြင္ ပိုင္ရွင္မရွိခိုက္ ပစၥည္းမ်ားယူေဆာင္ေနလွ်င္ တဲခ်င္းကပ္ ေနထိုင္ျခင္း ခြင့္မျပဳေၾကာင္း ေျပာဆိုသည္ကို မေက်နပ္သျဖင့္ လူႏွစ္ဦးအားဓါးခုတ္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ေဒၚဝင္းႏြဲ႕(၅၅)ႏွစ္ မင္းလွၿမိဳ႕နယ္ လယ္ယားရွည္ေက်း႐ြာေနသူသည္ ၎၏တဲအနီးရွိ ေဌးျမင့္ တဲသို႔သြားေရာက္၍ ပတ္ဝန္းက်င္တဲမ်ားတြင္ ပစၥည္းမ်ားေပ်ာက္ေနသျဖင့္ ထင္းခုတ္ ဝါးခုတ္သြားေရာက္မ ျပဳလုပ္ရန္ ေျပာဆိုေနစဥ္ ခင္ပြန္းျဖစ္သူ ဦေအာင္ၿငိမ္းေရာက္ရွိလာၿပီး ေဌးျမင့္အား ပိုင္ရွင္မရွိခိုက္ ပစၥည္းမ်ား ယူေဆာင္ေနလွ်င္ တဲခ်င္းကပ္ေနထိုင္ျခင္းခြင့္မျပဳေၾကာင္းေျပာဆိုသည္ကို
ေဌးျမင့္မွ မေက်နပ္သျဖင့္ ညစ္ညမ္း စြာဆဲဆိုၿပီး အနီးရွိကိုင္းခုတ္ဓါးျဖင့္ခုတ္ရာ ဦးေအာင္ၿငိမ္း(၅၆)ႏွစ္ယာလက္ေကာက္ ဝတ္ပိုင္းျပတ္ဒဏ္ရာ (စိုးရိမ္ရ) ဒဏ္ရာမ်ားရရွိသည္ကိုႏြားေက်ာင္းျပန္လာသည့္သားျဖစ္သူမင္းမင္းထိုက္(၃၆)ႏွစ္ မွေတြ႕ရွိ၍ ဖခင္အနီး သို႔သြားေရာက္ခဲ့ရာ ေဌးျမင့္မွမင္းမင္းထိုက္အားဓါးျဖင့္ထပ္မံခုတ္ခဲ့၍ ဝဲပုခုံးျပတ္ရွဒဏ္ရာ ဝဲခ်ိဳေစာင္း ျပတ္ရွဒဏ္ရာ (စိုးရိမ္ရ)ဒဏ္ရာမ်ားရရွိသျဖင့္ညေန(၆)နာရီအခ်ိန္တြင္ မင္းဘူးျပည္သူ႔ေဆး႐ုံႀကီး သို႔မႈခင္း ေဆးစာျဖင့္ေပးပို႔ထားေၾကာင္းသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ခင္ပြန္းႏွင့္သားျဖစ္သူအား ဓါးျဖင့္ခုတ္၍ ဒဏ္ရာမ်ားရရွိေအာင္ျပဳလုပ္သူ ေဌးျမင့္(၄၂)ႏွစ္ မင္းလွၿမိဳ႕နယ္လယ္ယားရွည္ေက်း႐ြာ ေနသူအား ဥပေဒအရအေရးယူေပးရန္ ေဒၚဝင္းႏြဲ႕မွတရားလိုျပဳလုပ္ တိုင္တန္းသျဖင့္ ေအာက္တိုဘာလ(၂၅)ရက္ည(၉)နာရီအခ်ိန္ ေရနံမနယ္ေျမစခန္းတြင္ (ပ)၇၈/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/၃၂၆ျဖင့္အမႈေရးဖြင့္၍ အမႈစစ္အျဖစ္ ဒုရဲအုပ္ သခၤါေမာင္မွ စစ္ေဆးေဆာင္႐ြက္လွ်က္ရွိ ၿပီး ေဌးျမင့္အား အမႈျဖင့္ေရနံမနယ္ေျမစခန္း အခ်ဳပ္တြင္ ဖမ္းဆီးထားေၾကာင္းသိရသည္။

http://www.myaylatmedia.com/2019/10/blog-post_26.html

သတင္း ဇာမဏီ

0 comments:

Post a Comment