Tuesday, October 22, 2019

(၁၀)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအား အသက်(၅၉)နှစ်အရွယ်အမျိုးသားတစ်ဦးမှ သားမယား ပြုကျင့်မှု မကွေးမြို့တွင်ဖြစ်ပွား

မကွေး အောက်တိုဘာလ (၂၃)ရက်

မကွေးမြို့တွင် အောက်တိုဘာလ (၂၂)ရက် ညနေ(၅)နာရီအချိန်က (၁၀)နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးအား အသက်(၅၉)နှစ်အရွယ်အမျိုးသားတစ်ဦးမှ သားမယားပြုကျင့်မှု ဖြစ်ပွားကြောင်းသိရသည်။
အောက်တိုဘာလ (၂၂)ရက်ညနေ(၅)နာရီအချိန်တွင် မကွေးမြို့ အောင်မေတ္တာ(ဃ)ရပ်ကွက်နေ ဒေါ်-------(၆၅)နှစ် နေအိမ်မှ တစ်ရပ်ကွက်ထဲနေသူ ညီမဖြစ်သူ ဒေါ်--------(၅၀)နှစ်နေအိမ် ဗွီဒီယို ဇာတ်လမ်းကြည့်ရန် သွားရောက်ခဲ့ကြောင်း ထိုသို့သွားရောက်စဉ် တစ်ရပ်ကွက်ထဲနေ အိမ်နီးချင်း ဒေါ်------(၅၁)နှစ် နောက်မှ ပြေးလာပြီး “ခင်ဗျမြေး မ-----(၁၀)နှစ် အိမ်နီးချင်းဖြစ်သူ ဦးလှဝေ (၅၉)နှစ်မှ ၎င်း၏ နေအိမ်ပေါ်တွင် သားမယားအဖြစ်ပြုကျင့်နေသည်ကို တွေ့မြင်ရကြောင်း” ပြောပြလာသဖြင့် ဦးလှဝေ နေအိမ်သို့ ချက်ချင်း သွားရောက်ကြည့်ရှု့ခဲ့ရာ ဦးလှဝေ၏ သုံးပင်မြေစိုက်အိပ်ခန်း၏ခြေရင်းတွင် မြေဖြစ်သူ မ-------အဝတ်အစား ဖရိုဖရဲဖြင့် ထိုင်ငိုနေသည်ကိုတွေ့ရှိရ၍ မေးမြန်းရာ ဥိးလှဝေမှ လက်ဖက်ရည်ထုပ်ဝယ်ခိုင်း၍ ဝယ်ပြီးသွား ရောက်ပေးစဉ် လက်ကိုအတင်းဆွဲခေါ်ပြီး အိပ်ယာပေါ်၌ သားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခြင်း ခံရကြောင်း ပြောပြသိရှိရသဖြင့် မြေးဖြစ်သူမ------ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းထိုက်ထံသို့ ခေါ်ဆောင်၍ အသိပေး ပြောကြားခဲ့ပြီးနောက် အရွယ်မရောက်သေးသူ မြေးမ------ အားဖျားယောင်းသွေးဆောင်ခေါ်ယူကာ သားမယား အဖြစ်ပြုကျင့်သူ ဦးလှဝေအား အရေးယူပေးရန် အဘွားဖြစ်သူမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်းသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ (၂၀၁၉)အောက်တိုဘာလ (၂၂)ရက် ည(၉)နာရီ မကွေးမြို့နယ် နယ်မြေရဲစခန်း တွင် (ပ)၆၁၅/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့်အမှုဖွင့်အရေးယူထားရှိပြီး အမှုစစ်ရဲအုပ်သူရဇော်မှ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။  သတင်း- ဇာမဏီ

(၁၀)ႏွစ္အ႐ြယ္မိန္းကေလးငယ္တစ္ဦးအား အသက္(၅၉)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးမွ သားမယား ျပဳက်င့္မႈ မေကြးၿမိဳ႕တြင္ျဖစ္ပြား
မေကြး ေအာက္တိုဘာလ (၂၃)ရက္
မေကြးၿမိဳ႕တြင္ ေအာက္တိုဘာလ (၂၂)ရက္ ညေန(၅)နာရီအခ်ိန္က (၁၀)ႏွစ္အ႐ြယ္မိန္းကေလးငယ္ တစ္ဦးအား အသက္(၅၉)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးမွ သားမယားျပဳက်င့္မႈ ျဖစ္ပြားေၾကာင္းသိရသည္။
ေအာက္တိုဘာလ (၂၂)ရက္ညေန(၅)နာရီအခ်ိန္တြင္ မေကြးၿမိဳ႕ ေအာင္ေမတၱာ(ဃ)ရပ္ကြက္ေန ေဒၚ-------(၆၅)ႏွစ္ ေနအိမ္မွ တစ္ရပ္ကြက္ထဲေနသူ ညီမျဖစ္သူ ေဒၚ--------(၅၀)ႏွစ္ေနအိမ္ ဗြီဒီယို ဇာတ္လမ္းၾကည့္ရန္ သြားေရာက္ခဲ့ေၾကာင္း ထိုသို႔သြားေရာက္စဥ္ တစ္ရပ္ကြက္ထဲေန အိမ္နီးခ်င္း ေဒၚ------(၅၁)ႏွစ္ ေနာက္မွ ေျပးလာၿပီး “ခင္ဗ်ေျမး မ-----(၁၀)ႏွစ္ အိမ္နီးခ်င္းျဖစ္သူ ဦးလွေဝ (၅၉)ႏွစ္မွ ၎၏ ေနအိမ္ေပၚတြင္ သားမယားအျဖစ္ျပဳက်င့္ေနသည္ကို ေတြ႕ျမင္ရေၾကာင္း” ေျပာျပလာသျဖင့္ ဦးလွေဝ ေနအိမ္သို႔ ခ်က္ခ်င္း သြားေရာက္ၾကည့္ရႈ႕ခဲ့ရာ ဦးလွေဝ၏ သုံးပင္ေျမစိုက္အိပ္ခန္း၏ေျခရင္းတြင္ ေျမျဖစ္သူ မ-------အဝတ္အစား ဖ႐ိုဖရဲျဖင့္ ထိုင္ငိုေနသည္ကိုေတြ႕ရွိရ၍ ေမးျမန္းရာ ဥိးလွေဝမွ လက္ဖက္ရည္ထုပ္ဝယ္ခိုင္း၍ ဝယ္ၿပီးသြား ေရာက္ေပးစဥ္ လက္ကိုအတင္းဆြဲေခၚၿပီး အိပ္ယာေပၚ၌ သားမယားအျဖစ္တစ္ႀကိမ္ျပဳက်င့္ျခင္း ခံရေၾကာင္း ေျပာျပသိရွိရသျဖင့္ ေျမးျဖစ္သူမ------ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းထိုက္ထံသို႔ ေခၚေဆာင္၍ အသိေပး ေျပာၾကားခဲ့ၿပီးေနာက္ အ႐ြယ္မေရာက္ေသးသူ ေျမးမ------ အားဖ်ားေယာင္းေသြးေဆာင္ေခၚယူကာ သားမယား အျဖစ္ျပဳက်င့္သူ ဦးလွေဝအား အေရးယူေပးရန္ အဘြားျဖစ္သူမွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ေၾကာင္းသိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ (၂၀၁၉)ေအာက္တိုဘာလ (၂၂)ရက္ ည(၉)နာရီ မေကြးၿမိဳ႕နယ္ နယ္ေျမရဲစခန္း တြင္ (ပ)၆၁၅/၂၀၁၉ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၆၃ ျဖင့္အမႈဖြင့္အေရးယူထားရွိၿပီး အမႈစစ္ရဲအုပ္သူရေဇာ္မွ စစ္ေဆးလွ်က္ရွိေၾကာင္းသိရသည္။  သတင္း- ဇာမဏီ

0 comments:

Post a Comment