မကွေး
အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံး
ငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
တင်ဒါဆိုင်ရာအချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ
ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဝန်ကြီး ဦးဝင်းမော်ဌေး က မိမိတို့တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို
တင်ဒါဆွဲဝယ် ဆောင်ရွက်မည့် ကုမ္ပဏီများအား ကြိုဆို ပါကြောင်း၊ တင်ဒါဆွဲဝယ်သည့် ကုမ္ပဏီများအနေဖြင့်
တင်ဒါရရှိပါက လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့
ဌာနအနေဖြင့်လည်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည် ညွှန်ကြားချက်အမှတ် (၁
/၂၀၁၇) နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားပါသည်။
ဆက်လက်၍
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး
ဦးမျိုးအောင်က ၂၀၁၉-၂၀၂၀
ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ကျေးလက်
ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ဒါတင်သွင်းသူများ လိုက်နာရမည့်
စည်းကမ်းချက်များကို ရှင်းလင်းပြောကြား ပါသည်။
ထို့နောက်တက်ရောက်လာကြသော
လုပ်ငန်းရှင်ကုမ္ပဏီများမှ တင်ဒါလျှောက်လွှာတင်သွင်းခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို
မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပါသည်။
အဆိုပါ
၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်
ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တင်ဒါဆိုင်ရာအချက်အလက်များ
ရှင်းလင်းဆွေးနွေးပွဲသို့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊
တင်ဒါကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ လုပ်ငန်းရှင်ကုမ္ပဏီများ
စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းလွင်(မကွေး)
0 comments:
Post a Comment