ပွင့်ဖြူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ
၂၀၁၉ ခုနှစ်အတွက် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်
ရည်ရွယ်၍ စိက်ပျိုးဆောင်ရွက်ထားရှိသည့် သစ်တော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား
အောက်တိုဘာ ၁၉ ရက် ၊ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်း၊ မင်းဘူးခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြား ရေးမှူး
ဦးစိုးဝင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းနှင့်
တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ
၂၀၁၉ ခုနှစ်အတွက် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်
စိုက်ပျိုးထားရှိသော ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာအနီး အခြားစိုက်ခင်း ၅၀ ဧက
တွင် ယူကလစ် ၁၈၁၅၀ နှင့် ရှား ၄၂၃၅၀ ပင် စိုက်ပျိုးထားရှိမှု
၊ ဆင်လူးကျေးရွာနှင့် မဲဇလီကျေးရွာအကြား တောထိန်း
ကွက်လပ်ဖြည့်စိုက်ခင်းတွင် ရှားပင် ၇၀၀၀ ၊
မျှင်ဝါး တစ်ဧက စိုက်ပျိုးထားရှိမှုနှင့် ၂၀၂၀ ပျိုးဉယျာဉ်လုပ်ငန်းစီမံချက်ဖြင့် သီးပင်
၊ သန်းပင် ၊ ဥသျှစ်ပင် စုစုပေါင်း အပင် ၁၂၀ စိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှု
စစ်ဆေးရာ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေး
က စိုက်ခင်းများအလိုက် အရိပ်သစ်ပင်များ သေဆုံးမှုမရှိစေရေး ရေလောင်းပေးခြင်း ၊ မြေဩဇာကျွေးခြင်းနှင့်
ပေါင်းနှုတ်ပေါင်းသင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်နေမှု များကို
ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအဖွဲ့က
မြို့နယ်အပူပိုင်းဒေသစိန်းလန်း စိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက်
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကန်ဖျားချောင် တိမ်ကောရေကန်အား
အလျားပေ ၁၀၀ ၊ အနံ ၅၀ ပေ ၊ အနက် ၆ ပေ ရှိ ရေကန်အသစ် သွားရောက် ကြည့်ရှုစစ်ဆေးပြီး မိုးရေလှောင်
ကန်များ ထိခိုက်ပျက်စီးမှုမရှိအောင် စနစ်တကျ ထိန်းသိမ်းကာကွယ်သွားရန် ၊ လက်ရှိ အပူဒဏ်ကာကွယ်ရေး
စိုက်ပျိုးထားသည့် အရိပ်သစ်ပင်များ ရှင်သန်ကြီးထွားရေး ၊ ကျွဲနွား တိရစ္ဆာန် ဝင်ရောက်ဖျက်ဆီးခြင်းနှင့်
တောမီးလောင်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း
သိရသည်။
ရဲဝင်းနိုင်
(ညောင်ဦး)
0 comments:
Post a Comment