ပွင့်ဖြူ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ
မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ ကွန်ပျူတာနည်းပညာ ကျွမ်းကျင်မှုရှိစေရန်အတွက်
ရည်ရွယ်ဖွင့်လှစ်သည့် Advanced Computer Training (2019) သင်တန်းဖွင့်ပွဲကို အောက်တိုဘာ
၃ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့ ၊ အခြေခံပညာအထက်တန်းကျောင်း အစည်း အဝေးခန်းမ၌
ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှ
လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင် က နည်းပညာ ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာသော
ခေတ်စနစ်နှင့် အညီ ပညာရေးဌာနရှိ ဆရာ၊ ဆရာမများအားလုံး ကွန်ပျူတာ နည်းပညာ မဖြစ်မနေ တတ်မြောက်ကျွမ်းကျင်ရန်လိုအပ်ပါကြောင်း
၊ ယခု ဖွင့်လှစ်ပို့ချသည့် သင်တန်းသည် ဆရာ၊
ဆရာ များကို ကွန်ပျူတာနည်းပညာ ကျွမ်းကျင်မှုရှိစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ကာ
ဆရာ၊ ဆရာမများ အနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးမည့်သင်ခန်းစာများကို ဂရုတစ်စိုက်
လေ့လာမှတ်သားသင်ယူသွားကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးရုံးမှ သင်တန်းနည်းပြဆရာ
ဦးရူပအောင်(ကွန်ပျူတာလုပ်ဆောင်ရေးမှူး) ဦးဆောင် သော သင်တန်းနည်းပြဆရာများက အခြေခံကွန်ပျူတာ
အသုံးပြုနည်းဆိုင်ရာများ၊ စာစီစာရိုက်စနစ်များ ၊ ကွန်ပျူတာဖြင့် Scratch ပြုလုပ်သုံးစွဲနည်းစနစ်များ၊ Power Point အသုံးပြုနည်းစနစ်များကို စာတွေ့လက်တွေ့
သင်ကြားပို့ချပေးခဲ့ကြ သည်။
အဆိုပါ Advanced Computer Training
(2019)သင်တန်းကို အောက်တိုဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ တစ်ပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားဖြစ်ကာ
မြို့နယ်အတွင်းရှိ အခြေခံပညာ(အ.ထ.က ၊ အ.ထ.က - ခွဲ ၊ အ.လ.က) စုစုပေါင်း ကျောင်းပေါင်း
၃၃ ကျောင်းမှ သင်တန်းသား ၊ သင်တန်းသူ ဆရာ၊ ဆရာမ ၃၃ ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း
ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )
0 comments:
Post a Comment