This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, October 31, 2019
မကွေးမြို့နယ်ရုံးပေါင်းစုံအစည်းအဝေးခမ်းမတွင်အောက်တိုဘာလ(၃၀)ရက်နေ့ကမကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တွေ့ဆုံပွဲနှင့်ရုံးဖွင့်
မကွေးမြို့နယ်ရုံးပေါင်းစုံအစည်းအဝေးခမ်းမတွင်အောက်တိုဘာလ(၃၀)ရက်နေ့ကမကွေးတိုင်းဒေသကြီး
ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တွေ့ဆုံပွဲနှင့်ရုံးဖွင့်ပွဲအခမ်းအနားကျင်းပပြုလပ်ခဲ့ကြောင်းသိရသည်။
သတင်းရိုက်ကူး-ဇွဲသူရိန်(မကွေး)
မကွေးမြို့ မကြီးကန်ကျေးရွာအုပ်စု မကြီးကန်ကျေးရွာ အလယ်ကျောင်းတွင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးလက်စကားဝိုင်းအားကျင်းပ
မကွေးမြို့ မကြီးကန်ကျေးရွာအုပ်စု မကြီးကန်ကျေးရွာ အလယ်ကျောင်းတွင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးလက်စကားဝိုင်းအားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Wednesday, October 30, 2019
တောင်တွင်းကြီးမြို့နယ် ဆတ်သွားနယ်မြေရဲစခန်းအပိုင်ကံလှကန်အုပ်စု ညောင်ဝန်းကျေးရွာတွင်ငါးရှော့တိုက်ဖမ်းရာ မှလူတစ်ဦးသေဆုံးခဲ့
အောက်တိုဘာ   -၂၉
သတင်း-ဇွဲသူရိန်(မကွေး)
  အောက်တိုဘာလ(၂၉)ရက်နေ့ (၈ း ၀၀)နာရီအချိန်ခန့်ကသေဆုံးသူ သန်းဇော်
သည် ငါးရှော့တိုက်သွားမည်ဟုဆိုကာ ဘက်
တ္ထရီအိုးနှင့်ငါးရှော့တိုက်တံတို့ကိုယူ၍နေအိမ်မှထွက်သွားကြောင်းသိရသည်။သန်းဇော်သည်ေ
ညာင်းဝန်းကျေးရွာ၏မြောက်ဖက် ၁ ဖာလုံခန့်
အကွာရှိ အကျယ်(၃)ပေခန့် အနက်(၁ ပေခွဲ)
ခန့်ရှိချောင်းရေအတွင်းငါးရှော့တိုက်ဖမ်းနေစဉ်
ဓါတ်လိုက်၍လဲကျနေသည်ကို လယ်ရေသွင်းရ
န်သွားသောတစ်ရွာထည်းနေ ဦးသောင်းဟန်
နှင့်ဦးခင်ဆောင်တို့မှတွေ့၍ အော်ဟစ်အကူအ
ညီတောင်းသဖြင့်ရွာမှလူများရောက်လာရာ သ
န်းဇော်မှာချောင်းအတွင်းရေစပ်တွင်ပက်လက်လန်ကာလဲကျနေပြီး ၎င်း၏ခန္ခာကိုယ်အောက်
တွင်ငါးရှော့တိုက်တံနှင့်ဘက်တ္ထရီအိုးတို့မှာပိမိနေကြောင်းတွေ့ရှိသဖြင့် အမြန်ကယ်ဆယ်ကာ
တောင်တွင်းဆေးရုံသို့ပို့ဆောင်စဉ် ၉ း ၂၅ အ
ချိန်ခန့်တွင်လမ်း၌သေဆုံးသွားကြောင်းကို ၎င်း
၏ဖခင်ဖြစ်သူဦးမောင်မြင့်မှပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဆတ်သွားနယ်မြေရဲစခန်းအပိုင်ကံလှကန်အုပ်စု ညောင်ဝန်းကျေးရွာတွင်ငါးရှော့တိုက်ဖမ်းရာ
မှလူတစ်ဦးသေဆုံးခဲ့
--------------------------------------------
အောက်တိုဘာ   -၂၉
သတင်း-ဇွဲသူရိန်(မကွေး)
ငဖဲမြို့နယ်၊ရင့်ရှည်ကျေးရွာအနီး ပုသိမ်၊မုံရွာ ကားလမ်းမ မိုင်တိုင် (၂၆၂)အနီးမှာ လမ်းအသုံး ပြုခကောက်ခံရေးဂိတ် တည်ဆောက်နေမှုကို ရင့်ရှည်ကျေးရွာအုပ်စုနေပြည်သူတွေက ကန့်ကွတ် ကြောင်းသတင်းစာရှင်းလင်းပွဲပြုလုပ်
ငဖဲမြို့နယ်၊ရင့်ရှည်ကျေးရွာအနီး ပုသိမ်၊မုံရွာ ကားလမ်းမ မိုင်တိုင် (၂၆၂)အနီးမှာ လမ်းအသုံး ပြုခကောက်ခံရေးဂိတ် တည်ဆောက်နေမှုကို ရင့်ရှည်ကျေးရွာအုပ်စုနေပြည်သူတွေက ကန့်ကွတ် ကြောင်းနဲ့ ရွှေပြောင်းပေးဖို့ အောက်တိုဘာလ (၂၉) ရက်နေ့က ရင့်ရှည်ကျေးရွာဓမ္မာရုံမှာ ဒေသခံ ပြည်သူ တွေကသတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ပါတယ်။
Monday, October 28, 2019
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၄ ၊ ၂၀၁၉ ၊နိုဝင်ဘာလ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို အောက်တိုဘာလ ၃၀/၃၁ ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။
မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၄ ၊ ၂၀၁၉ ၊နိုဝင်ဘာလ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို အောက်တိုဘာလ ၃၀/၃၁  ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
https://www.facebook.com/Myaylatt-Daily-200456737190562/?epa=SEARCH_BOX
အယ်ဒီတာအဖွဲ့
www.winkyi.net
Sunday, October 27, 2019
အသက်(၆၀)ပြည့် အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား ဆဌမအကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ ကျင်းပ
မင်းဘူး          အောက်တိုဘာ                    ၂၇
၂၀၁၉ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ ကျောင်းသား/သူဟောင်းများမှ စုစည်းကျင်းပသော အသက်(၆၀)ပြည့် အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား ဆဌမအကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့၊ အထက(၁)ကျောင်း၊ ဉီးဩဘာသ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဉီးစွာ ကျောင်းသူဟောင်း တစ်ဉီးမှ “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး၊ အသက်(၇၀)နှစ် နှင့် အထက် ဆရာကြီး/ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ရွတ်ဆို၍ ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ ဆရာရဲ့ ဂရုဏာ သီချင်းဖြင့် ဖျော်ဖြေသီဆိုခဲ့ပြီး၊ အသက် (၆၀)နှစ် နှင့် အထက် ဆရာကြီး/ဆရာမကြီးများအား ကန်တော့ချိုးဖြင့်  ရွတ်ဆို၍ ကန်တော့ခဲ့ကြပြီး၊ မေတ္တာပို့ အမျှဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ကန်တော့ခံ ဆရာကြီးတစ်ဉီးက ဆုံးမဩဝါဒစကား ‌‌ပြောကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် အာစရိယပူဇော်ပွဲ ကျင်းပရေး ကော်မတီဉက္ကဌ ဉီးစိုးကျော်သူ မှ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ နှင့် ဘဏ္ဍာရေးမှူး ဉီးလှိုင်မင်းထွန်း မှ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသက်(၇၅)နှစ်အောက် ကန်တော့ခံ ဆရာမကြီးတစ်ဉီးမှ ဆုပေးစကား ပြောကြားခဲ့ပြီး၊ ဉာဏ်စမ်းပဟေဠိ နှင့် စကားရည်လုပြိုင်ပွဲတွင် ဆုရကျောင်းသား(၂)ဉီးက သရုပ်ပြ တင်ဆက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊ အပူဇော်ခံ ဆရာကြီး/ ဆရာမကြီး(၁၅၀)ဉီး နှင့် မင်းဘူးမြို့၊ အထက(၁)မှ ကျောင်းသား/ သူဟောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
          “ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများ၏ ကျန်းမာရေး ထောက်ပံ့ငွေအဖြစ် (၅၀၀၀၀)ကျပ် နှင့် နာရေးထောက်ပံ့ငွေ အဖြစ် (၅၀၀၀၀)ကျပ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါကြောင်း” ကျင်းပရေး ကော်မတီ ထံမှ သိရသည်။                                                                    ကျော်စိုးဝင်း(မင်းဘူး)
အသက်(၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ မြို့သစ် တွင် ကျင်းပ
အသက်(၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ မြို့သစ် တွင် ကျင်းပ
သတင်း ယမင်း (မြို့သစ်)
သတင်း ယမင်း (မြို့သစ်)
မကွေးမြို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်အောက်တိုဘာလ(၂၇)ရက်နေ့က ၁၁ ကြိမ်မြောက်မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပပြာလုပ်ခဲ့ပါတယ်
မကွေးမြို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်အောက်တိုဘာလ(၂၇)ရက်နေ့က ၁၁ ကြိမ်မြောက်မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပပြာလုပ်ခဲ့ပါတယ်
Saturday, October 26, 2019
ပိုင်ရှင်မရှိခိုက် ပစ္စည်းများယူဆောင်နေလျှင် တဲချင်းကပ် နေထိုင်ခြင်း ခွင့်မပြုကြောင်း ပြောဆိုသည်ကို မကျေနပ်သဖြင့် လူနှစ်ဦးအားဓါးခုတ်မှုဖြစ်ပွား
မင်းလှ
အောက်တိုဘာ(၂၆)ရက်
အောက်တိုဘာလ(၂၅)ရက် ညနေ(၄)နာရီအချိန်ခန့်က မင်းလှမြို့နယ် လက်ပန်တံခါးကျေးရွာအနီး ကြီးတိုင်တဲတိုက်တွင် ပိုင်ရှင်မရှိခိုက် ပစ္စည်းများယူဆောင်နေလျှင် တဲချင်းကပ် နေထိုင်ခြင်း ခွင့်မပြုကြောင်း ပြောဆိုသည်ကို မကျေနပ်သဖြင့် လူနှစ်ဦးအားဓါးခုတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဒေါ်ဝင်းနွဲ့(၅၅)နှစ် မင်းလှမြို့နယ် လယ်ယားရှည်ကျေးရွာနေသူသည် ၎င်း၏တဲအနီးရှိ ဌေးမြင့် တဲသို့သွားရောက်၍ ပတ်ဝန်းကျင်တဲများတွင် ပစ္စည်းများပျောက်နေသဖြင့် ထင်းခုတ် ဝါးခုတ်သွားရောက်မ ပြုလုပ်ရန် ပြောဆိုနေစဉ် ခင်ပွန်းဖြစ်သူ ဦအောင်ငြိမ်းရောက်ရှိလာပြီး ဌေးမြင့်အား ပိုင်ရှင်မရှိခိုက် ပစ္စည်းများ ယူဆောင်နေလျှင် တဲချင်းကပ်နေထိုင်ခြင်းခွင့်မပြုကြောင်းပြောဆိုသည်ကို
ဌေးမြင့်မှ မကျေနပ်သဖြင့် ညစ်ညမ်း စွာဆဲဆိုပြီး အနီးရှိကိုင်းခုတ်ဓါးဖြင့်ခုတ်ရာ ဦးအောင်ငြိမ်း(၅၆)နှစ်ယာလက်ကောက် ဝတ်ပိုင်းပြတ်ဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာများရရှိသည်ကိုနွားကျောင်းပြန်လာသည့်သားဖြစ်သူမင်းမင်းထိုက်(၃၆)နှစ် မှတွေ့ရှိ၍ ဖခင်အနီး သို့သွားရောက်ခဲ့ရာ ဌေးမြင့်မှမင်းမင်းထိုက်အားဓါးဖြင့်ထပ်မံခုတ်ခဲ့၍ ဝဲပုခုံးပြတ်ရှဒဏ်ရာ ဝဲချိုစောင်း ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)ဒဏ်ရာများရရှိသဖြင့်ညနေ(၆)နာရီအချိန်တွင် မင်းဘူးပြည်သူ့ဆေးရုံကြီး သို့မှုခင်း ဆေးစာဖြင့်ပေးပို့ထားကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ပွန်းနှင့်သားဖြစ်သူအား ဓါးဖြင့်ခုတ်၍ ဒဏ်ရာများရရှိအောင်ပြုလုပ်သူ ဌေးမြင့်(၄၂)နှစ် မင်းလှမြို့နယ်လယ်ယားရှည်ကျေးရွာ နေသူအား ဥပဒေအရအရေးယူပေးရန် ဒေါ်ဝင်းနွဲ့မှတရားလိုပြုလုပ် တိုင်တန်းသဖြင့် အောက်တိုဘာလ(၂၅)ရက်ည(၉)နာရီအချိန် ရေနံမနယ်မြေစခန်းတွင် (ပ)၇၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၆ဖြင့်အမှုရေးဖွင့်၍ အမှုစစ်အဖြစ် ဒုရဲအုပ် သင်္ခါမောင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိ ပြီး ဌေးမြင့်အား အမှုဖြင့်ရေနံမနယ်မြေစခန်း အချုပ်တွင် ဖမ်းဆီးထားကြောင်းသိရသည်။
သတင်း ဇာမဏီ
မင်းလှ
အောက်တိုဘာ(၂၆)ရက်
http://www.myaylatmedia.com/2019/10/blog-post_26.html
သတင်း ဇာမဏီ
Friday, October 25, 2019
မကွေးတိုင်းဆေးရုံကြီးတွင်ကရုဏာရှေးရှုမြန်မာမှုအဖွဲ့နဲ့Japan Heart International Medical Volunteers တို့ပူးပေါင်းပြီးအခု(၂၀၁၉) ခုနှစ် မှာနှုတ်ခမ်းကွဲ၊အာခေါင်ကွဲကလေးငယ် (၅၀)ဝန်း ကျင်ခန့်ကို လေးရက် အခမဲ့ခွဲစိတ်ကုသ ပေးနေ
မကွေးတိုင်းဆေးရုံကြီးတွင်ကရုဏာရှေးရှုမြန်မာမှုအဖွဲ့နဲ့Japan Heart International Medical Volunteers တို့ပူးပေါင်းပြီးအခု(၂၀၁၉) ခုနှစ် မှာနှုတ်ခမ်းကွဲ၊အာခေါင်ကွဲကလေးငယ် (၅၀)ဝန်း ကျင်ခန့်ကို လေးရက် အခမဲ့ခွဲစိတ်ကုသ ပေးနေ ကြောင်းသိရသည်။
Thursday, October 24, 2019
မြို့သစ် စွန်ချောင်းပိတ် ရေလွှဲဆည် ရေယိုစိမ့် ကွင်းဆင်းစစ်ဆေး
မြို့သစ် စွန်ချောင်းပိတ် ရေလွှဲဆည် ရေယိုစိမ့် ကွင်းဆင်းစစ်ဆေး
သတင်း ယမင်း(မြို့သစ်)
သတင်း ယမင်း(မြို့သစ်)
Wednesday, October 23, 2019
မြေယာကျူးကျော်ကာ ပုံစံ(၇) အလွဲသုံးစား ပြုလုပ်ပြီး စိုက်ပျိုးစရိတ်ချေးငွေ လိမ်လည်ထုတ်ယူသည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်
မြေယာကျူးကျော်ကာ ပုံစံ(၇) အလွဲသုံးစား ပြုလုပ်ပြီး စိုက်ပျိုးစရိတ်ချေးငွေ လိမ်လည်ထုတ်ယူသည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်
သတင်း ယမင်း (မြို့သစ်)
သတင်း ယမင်း (မြို့သစ်)
မြသလွန်ဘုရားပွဲတော်မှာ တောင်သူလယ်ယာသုံး ပစ္စည်းရောင်ချသူတွေ အခြားကုန်ပစ္စည်း ရောင်းချသူတွေထက်ရောင်းကောင်း
မြသလွန်ဘုရားပွဲတော်မှာ တောင်သူလယ်ယာသုံး ပစ္စည်းရောင်ချသူတွေ အခြားကုန်ပစ္စည်း ရောင်းချသူတွေထက်ရောင်းကောင်းတယ်လို့ မကွေးမြသလွန်ဘုရားပွဲတော်မှာ တောင်သူ လယ်ယာသုံးပစ္စည်းရောင်းချသူတွေထံက သိရပါတယ်။
Tuesday, October 22, 2019
(၁၀)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအား အသက်(၅၉)နှစ်အရွယ်အမျိုးသားတစ်ဦးမှ သားမယား ပြုကျင့်မှု မကွေးမြို့တွင်ဖြစ်ပွား
မကွေး အောက်တိုဘာလ (၂၃)ရက်
မကွေးမြို့တွင် အောက်တိုဘာလ (၂၂)ရက် ညနေ(၅)နာရီအချိန်က (၁၀)နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးအား အသက်(၅၉)နှစ်အရွယ်အမျိုးသားတစ်ဦးမှ သားမယားပြုကျင့်မှု ဖြစ်ပွားကြောင်းသိရသည်။
အောက်တိုဘာလ (၂၂)ရက်ညနေ(၅)နာရီအချိန်တွင် မကွေးမြို့ အောင်မေတ္တာ(ဃ)ရပ်ကွက်နေ ဒေါ်-------(၆၅)နှစ် နေအိမ်မှ တစ်ရပ်ကွက်ထဲနေသူ ညီမဖြစ်သူ ဒေါ်--------(၅၀)နှစ်နေအိမ် ဗွီဒီယို ဇာတ်လမ်းကြည့်ရန် သွားရောက်ခဲ့ကြောင်း ထိုသို့သွားရောက်စဉ် တစ်ရပ်ကွက်ထဲနေ အိမ်နီးချင်း ဒေါ်------(၅၁)နှစ် နောက်မှ ပြေးလာပြီး “ခင်ဗျမြေး မ-----(၁၀)နှစ် အိမ်နီးချင်းဖြစ်သူ ဦးလှဝေ (၅၉)နှစ်မှ ၎င်း၏ နေအိမ်ပေါ်တွင် သားမယားအဖြစ်ပြုကျင့်နေသည်ကို တွေ့မြင်ရကြောင်း” ပြောပြလာသဖြင့် ဦးလှဝေ နေအိမ်သို့ ချက်ချင်း သွားရောက်ကြည့်ရှု့ခဲ့ရာ ဦးလှဝေ၏ သုံးပင်မြေစိုက်အိပ်ခန်း၏ခြေရင်းတွင် မြေဖြစ်သူ မ-------အဝတ်အစား ဖရိုဖရဲဖြင့် ထိုင်ငိုနေသည်ကိုတွေ့ရှိရ၍ မေးမြန်းရာ ဥိးလှဝေမှ လက်ဖက်ရည်ထုပ်ဝယ်ခိုင်း၍ ဝယ်ပြီးသွား ရောက်ပေးစဉ် လက်ကိုအတင်းဆွဲခေါ်ပြီး အိပ်ယာပေါ်၌ သားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခြင်း ခံရကြောင်း ပြောပြသိရှိရသဖြင့် မြေးဖြစ်သူမ------ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းထိုက်ထံသို့ ခေါ်ဆောင်၍ အသိပေး ပြောကြားခဲ့ပြီးနောက် အရွယ်မရောက်သေးသူ မြေးမ------ အားဖျားယောင်းသွေးဆောင်ခေါ်ယူကာ သားမယား အဖြစ်ပြုကျင့်သူ ဦးလှဝေအား အရေးယူပေးရန် အဘွားဖြစ်သူမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်းသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ (၂၀၁၉)အောက်တိုဘာလ (၂၂)ရက် ည(၉)နာရီ မကွေးမြို့နယ် နယ်မြေရဲစခန်း တွင် (ပ)၆၁၅/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့်အမှုဖွင့်အရေးယူထားရှိပြီး အမှုစစ်ရဲအုပ်သူရဇော်မှ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။  သတင်း- ဇာမဏီ
Monday, October 21, 2019
မကွေးမြို့ မြို့တော်ခန်းမမှာ ဆဌမအကြိမ်မြောက် အရှိုချင်းကျောင်းသား ကျောင်းသူတွေ တွေ့ဆုံပွဲ
ဒီကနေ့ညနေပိုင်းက မကွေးမြို့ မြို့တော်ခန်းမမှာ ဆဌမအကြိမ်မြောက် အရှိုချင်းကျောင်းသား ကျောင်းသူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်
မိုးစပါးစိုက်ပျိုးတောင်သူများ သီးနှံအောင်ရေ အပြည့်အဝ ရရှိရေးအတွက် တောင်မုန်းမြောင်းမကြီးမှ အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေး
ပွင့်ဖြူ   အောက်တိုဘာ    ၂၀
            မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်ရေ သောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးတောင်သူများ သီးနှံအောင်ရေ အပြည့်အဝ ရရှိရေးအတွက် ရည်ရွယ်ကာ အောက်တိုဘာ ၂၀ ရက်၊ ယနေ့ နံနက် ၆ နာရီမှ စတင်ကာ မိုးစပါးသီးနှံအောင်ရေ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေဆောင်ရွက် ပေးလျက်ရှိ ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
            ယခုအချိန်တွင် ရာသီဉတု ပိုပြီးပူပြင်းလာခြင်း ၊ တောင်သူအချို့မှ မိုးစပါးသီးနှံအောင်ရေအား ပိုမိုရယူသုံးစွဲနေခြင်း ၊ လယ်စိုက်ဧက တိုးပွားလာခြင်း၊ ယခုနှစ်တွင် မြို့နယ်အတွင်း လျှပ်စစ်ရေတင်စနစ်ဖြင့် ရေဖြန့်ဝေရခြင်းများ တိုးပွား လာခြင်းနှင့် တောင်သူများမှ စပါးစိုက် လယ်မြေများအား ပြုပြင်မှုအားနည်းလာသည့်အတွက် လယ်မြေနှင့် ရေပေးမြောင်း အနိမ့်အမြင့် ပိုမိုကွာဟလာခြင်းတို့ကြောင့် မိုးစပါးသီးနှံအောင်ရေ ဖြန့်ဝေပေးရာတွင် အခက်အခဲများ ကြုံနေသဖြင့် အလှည့်ကျ စနစ်ဖြင့် ပြောင်းလဲ ဖြန့်ဝေပေးရခြင်း ဖြစ်ကြောင်း ၊ တောင်သူများ မိုးစပါးသီးနှံအောင်ရေ အပြည့်အဝရရှိစေရန်  အလှည့်ကျ စနစ်ဖြင့် ဖြန့်ဝေပေးခြင်းကို တောင်မုန်းမြောင်းမကြီး လက်တံ (၂၊ ၃ ၊ ၄ - က  ၊ ၅ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၁ ၊ ၁၃ )တို့ကို အပတ်စဉ်(တနင်္ဂနွေနေ့) ၊  နံနက် ၆ နာရီမှ (ဗုဒ္ဓဟူးနေ့) နံနက် ၆ နာရီအထိ (၃)ရက် ဖြန့်ဝေပေးပြီး ၊ ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီမှ (တနင်္ဂနွေနေ့) နံနက် ၆ နာရီအထိ (၄)ရက် ရပ်နားမှာဖြစ်ကြောင်း ၊ အလားတူ တောင်မုန်းမြောင်းမကြီး လက်တံ(၄၊ ၆ ၊ ၁၄ ၊ ၁၅ )တို့အား အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီမှ တနင်္ဂနွေနေ့ နံနက် ၆ နာရီအထိ (၄) ရက် ရေဖြန့်ဝေပေးပြီး တနင်္ဂနွေနေ့ နံနက် ၆ နာရီမှ ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီအထိ (၃)ရက် ရေပေးဝေမှု ရပ်နားထားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်း ထံမှ သိရသည်။
            ယခုကဲ့သို့ တောင်သူများ မိုးစပါးသီးနှံအောင်‌ရေ အပြည့်အဝ ရရှိရေးအတွက် သီးနှံအောင်ရေ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးမည့်အစီအစဉ်အား မြို့နယ်အတွင်းရှိ တောင်သူများထံ ကြိုတင်အသိပေးအကြောင်းကြားပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးအောင်သူလင်း က ပြောပြသည်။  ရဲဝင်းနိုင် ( ညောင်ဦး )
လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
ပွင့်ဖြူ    အောက်တိုဘာ      ၂၀
            မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန် ရည်ရွယ်၍ အောက်တိုဘာ ၂၀ ရက်၊ နံနက် ၈ နာရီက လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနှင့် ကုန်းဇောင်းကျေးရွာသို့ ဆက်သွယ်ထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း သွားရောက်ပြီး ဆွေးမြေ့ယိုင်နဲ့နေသည့် လျှပ်စစ်သံတိုင်းများအား ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှဲခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်းနှင့် ယိုင်နဲ့နေသည့်ဓာတ်အားလိုင်းတိုင်များအား ပြန်လည် တည့်မတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
            ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဗို့အား ပြည့်မီစွာ သုံးစွဲခွင့် ရရှိရေးအတွက် ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက် ရှိသည့်အပြင် မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရှိသည့်ကျေးရွာများကိုလည်း ဘဏ္ဍာနှစ်အလိုက် ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူများ လျှပ်စစ် မီးသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်သုံးစွဲနည်းနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲ များကိုလည်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။
            ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်စွာ သုံးစွဲနိုင်ရေးအတွက် ပွင့်ဖြူမြို့နယ်နှင့် ကုန်းဇောင်းကျေးရွာသို့ ဆက်သွယ်ထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဆွေးမြေ့ ယိုင်နဲ့နေသည့် လျှပ်စစ်သံတိုင်း(၅)ခုအား နှုတ်ယူ၍ ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ် ပြုပြင်ခြင်း၊ ကြွေသီး ဟောင်းများ လဲလှယ်တပ်ဆင်ခြင်းနှင့် ယိုင်နဲ့နေသည့် ဓာတ်အားလိုင်း တိုင်များအား ပြန်လည် တည့်မတ်ခြင်း လုပ်ငန်းများကို လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီခွဲ အထိ ဓာတ်အားလိုင်း ကြံ့ခိုင်ကောင်းမွန်ရေး ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
                                                                                                                      ရဲဝင်းနိုင် ( ညောင်ဦး )
ပွင့်ဖြူမြို့နယ်အတွင်း အပူဒဏ်ကာကွယ်ရေး စိုက်ပျိုးဆောင်ရွက်ထားရှိသည့် သစ်တောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု ရှိ ၊ မရှိ ကွင်းဆင်းစစ်ဆေး
ပွင့်ဖြူ  အောက်တိုဘာ    ၂၀
            မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်အတွက် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ စိက်ပျိုးဆောင်ရွက်ထားရှိသည့် သစ်တော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား အောက်တိုဘာ ၁၉ ရက် ၊ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်း၊ မင်းဘူးခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြား ရေးမှူး ဦးစိုးဝင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်အတွက် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာအနီး အခြားစိုက်ခင်း ၅၀ ဧက တွင် ယူကလစ် ၁၈၁၅၀ နှင့် ရှား ၄၂၃၅၀ ပင်  စိုက်ပျိုးထားရှိမှု ၊  ဆင်လူးကျေးရွာနှင့် မဲဇလီကျေးရွာအကြား တောထိန်း ကွက်လပ်ဖြည့်စိုက်ခင်းတွင် ရှားပင် ၇၀၀၀  ၊ မျှင်ဝါး တစ်ဧက စိုက်ပျိုးထားရှိမှုနှင့် ၂၀၂၀ ပျိုးဉယျာဉ်လုပ်ငန်းစီမံချက်ဖြင့် သီးပင် ၊ သန်းပင် ၊ ဥသျှစ်ပင် စုစုပေါင်း အပင် ၁၂၀ စိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေး က စိုက်ခင်းများအလိုက် အရိပ်သစ်ပင်များ သေဆုံးမှုမရှိစေရေး ရေလောင်းပေးခြင်း ၊ မြေဩဇာကျွေးခြင်းနှင့် ပေါင်းနှုတ်ပေါင်းသင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်နေမှု များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။ 
            ထို့နောက် ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအဖွဲ့က မြို့နယ်အပူပိုင်းဒေသစိန်းလန်း စိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကန်ဖျားချောင် တိမ်ကောရေကန်အား အလျားပေ ၁၀၀ ၊ အနံ ၅၀ ပေ ၊ အနက် ၆ ပေ ရှိ ရေကန်အသစ် သွားရောက် ကြည့်ရှုစစ်ဆေးပြီး မိုးရေလှောင် ကန်များ ထိခိုက်ပျက်စီးမှုမရှိအောင် စနစ်တကျ ထိန်းသိမ်းကာကွယ်သွားရန် ၊ လက်ရှိ အပူဒဏ်ကာကွယ်ရေး စိုက်ပျိုးထားသည့် အရိပ်သစ်ပင်များ ရှင်သန်ကြီးထွားရေး ၊ ကျွဲနွား တိရစ္ဆာန် ဝင်ရောက်ဖျက်ဆီးခြင်းနှင့် တောမီးလောင်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 
                                                                                                                      ရဲဝင်းနိုင် (ညောင်ဦး)