မကွေး စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုး သား/အမျိုးသမီး ပြေခုန်ပစ်ပြိုင်ပွဲကို
စက်တင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ
တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက်အမှာစကားပြောကြားကာ
ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲ
အခမ်းအနားတွင် လူမှုရေးဝန်ကြီးက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်
လုံးအားကစားကို စိတ်ပါဝင်စားလာစေရန်နှင့်လူတစ်စုအားကစားမှ ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့်
လူထုအားကစား အသွင်သို့ ဖေါ်ဆောင်နိုင်ရေးအတွက် အားကစားကို ကျယ်ပြန့်စွာပြုလုပ်ခြင်းဖြင့်
ရပ်ကွက်/ကျေးရွာ/မြို့နယ်များမှ လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး
သက်တမ်းလိုက် ပြေးခုန်ပစ် ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊မကွေးတိုင်းဒေသကြီး(၂၅)မြို့နယ်မှ
ပြေးခုန်ပစ်အားကစားသမားများ အချင်းချင်းတွေ့ဆုံ၍ ရင်းနှီးချစ်ကြည်စွာ ယှဉ်ပြိုင်ကစားကြပြီး
တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လျှင်
အောင်မြင်မှုများ ရရှိစေရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါပြိုင်ပွဲသို့
တိုင်းဒေသကြီးးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြေးခုန်ပစ် လူငယ်အားကစားသမား (၅၀၀)ကျော်
ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား စက်တင်ဘာ ၄ ရက်နေ့တွင်
ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီး
ပြေးခုန်ပစ်အသင်းအနေဖြင့် ၂၀၁၇ ခုနှစ်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် ရွှေ(၇)၊ငွေ(၈)၊ကြေး(၇)ခု
တံခွန်စိုက်ဆုကို လည်းကောင်း၊၂၀၁၈ ခုနှစ် (၁၈)နှစ်အောက် ပြေး ခုန်ပစ် ပြိုင်ပွဲတွင်
ရွှေ(၃)၊ငွေ(၆)၊ကြေး(၈)ခုဖြင့် တံခွန်စိုက် ဆုကိုလည်းကောင်း၊၂၀၁၈ ခုနှစ် အသက် (၂၅)နှစ်အောက်
အလွတ်တန်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေ(၄)၊ငွေ(၇)၊ကြေး(၂) အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဆုကို
ရရှိထားကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment