Monday, September 30, 2019

နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ




မင်းဘူး          စက်တင်ဘာ             ၂၉
          အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းဘူး ခရိုင်ဉီးစီးမှူး ရုံးမှ ကျင်းပပြုလုပ်သော  နိုင်ငံသားစီစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အခြေခံပညာအထက်ကျောင်း(ခွဲ)ရေပုတ်ကျောင်း တွင် ယနေ့ ၁၀ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဉီးမြင့်အောင် မှ အမှာစကားပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား တန်ဘိုးနှင့် အသုံးဝင်ပုံများအကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်း မှ ပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်င်ငံသူ/သားများအတွက် အဖိုးမပြတ် နိုင်သည့် အရာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတိုင်း ရရှိကိုင်ဆောင်ထားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၊ ဝန်ကြီးဌာန ဝန်ကြီး ဉီးမြင့်အောင် ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူ အသီးသီးမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးဉီးမြင့်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ငွေ၊ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ၊ မင်းဘူးခရိုင်ဉီးစီးမှူးရုံး၊ ဒုတိယခရိုင်ဉီးစီးမှူး လ/ထ ညွှန်ကြားရေးမှူး ဉီးမြင့်နိုင်၊ အ.ထ.က(ခွဲ)ရေပုတ်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုင်မျိုးမျိုးဆန်း နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ခြင်းလုပ်ငန်းကို(၂၀)ကြိမ်တိုင် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယနေ့ပေးအပ်ပွဲတွင် အသက်(၁၀)နှစ်ပြည့် (၁၀၅)ဉီး နှင့် အသက်(၁၈)နှစ်ပြည့် အထက် (၂၉ )ဉီး စုစုပေါင်း (၁၃၄)ဉီးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment