Tuesday, September 3, 2019

အသက်အာမခံဆိုင်ရာ အသိပညာပေးအစီအစဉ် ဂလိုဘယ်လိုက်(ဖ်) အာမခံကုမ္ပဏီက ဆောင်ရွက်



မကွေး     စက်တင်ဘာ    
          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ အေးရှားဝေါလ်အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ် သည့် ဂလိုဘယ်လိုက်(ဖ်)အာမခံကုမ္ပဏီမှ စီစဉ်သော စာသင်သားအာမခံ အပါအ၀င် အသက်အာမခံ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ဂလိုဘယ်လိုက်(ဖ်)အာမခံကုမ္ပဏီထံမှ သိရသည်။

         
အဆိုပါအသိပညာပေး အစီအစဉ်များတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် မကွေးမြို့နယ်အမှတ် (၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ချိုလတ်မှ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား အသက်အာမခံဆိုင်ရာ အသိပညာပြန့်ပွားစေရေးအတွက် ပါဝင်ဆောင်ရွက်လျက် သြဂုတ်လ ၃၀ ရက်နေ့တွင် မကွေးမြို့နယ်ပညာရေးမှူးရုံး မကွေးမြို့နယ်အတွင်းမှ ဆရာ၊ဆရာမများအား လည်းကောင်း၊သြဂုတ်လ ၃၁ ရက်နေ့တွင် မကွေးမြို့ အမှတ်(၁)အထက ကျောင်းခန်းမ ကျောင်းသား မိဘများအားလည်းကောင်း၊စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၄)အထက ကျောင်း ခန်းမတွင် ကျောင်းသားမိဘများတို့ကို အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခဲ့ပြီး၊စက်တင်ဘာ ၃ ရက်နေ့တွင် မကွေးမြို့ အထက(၂)နှင့်အထက(၃)ကျောင်းခန်းမများ အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ကာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအားလုံးတွင် အသိပညာပေး အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

         
“ ပြည်သူတွေ အာမခံဆိုင်ရာအသိပညာအားနည်းနေလို့ အသိပညာပေး အစီအစဉ်တွေ အစိုးရအဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါတယ် ”လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ခွင့်ပြုချက် အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဂလိုဘယ်လိုက်(ဖ်)အာမခံကုမ္ပဏီ၏ ဒုတိယ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ကိုကိုအောင်ထံမှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment