မင်းဘူး စက်တင်ဘာ ၂၅
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မင်းဘူးမြို့နယ်
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် စားကျက်စိုက်ပျိုးရေး ဖွံ့ဖြိုးမှုသင်တန်းကို
ယနေ့နံနက် ၁၀ နာရီ အချိန်က မင်းဘူးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနတွင် ကျင်းပခဲ့ကြောင်း
သိရသည်။
သင်တန်းတွင် ရှေးဦးစွာ
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါက်တာ အောင်မြင့်က မွေးမြူရေးကို
အခြေခံ၍ စားကျက်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍
ဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလအတွင်း လိုက်နာဆောင်ရွက်ရမည့် အချက်များကို
ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများမှ
စိုက်ပျိုး၊မွေးမြူရေးကို စိတ်ဝင်စားသူ သင်တန်းသားဉီးရေ စုစုပေါင်း(၂၀)ဉီး တက်ရောက်ခဲ့ကြပြီး
သင်တန်းကာလမှာ စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ( ၅ ) ရက် ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment