Thursday, September 26, 2019

မင်းဘူးမြို့တွင် အမြင့်ပေ(၃၀၀)ခန့်ရှိ မကျည်းပင်မှာ ရုတ်တရက် အလယ်မှ နှစ်ပိုင်းကွဲ၍ လဲကျမှု ဖြစ်ပွား




မင်းဘူး          စက်တင်ဘာ             ၂၅
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင်  အမြင့်ပေ (၃၀၀) ခန့်ရှိ မကျည်းပင်ကြီးမှာ ရုတ်တရက် အလယ်မှ နှစ် ပိုင်းကွဲ၍  ယနေ့ ည ပိုင်းက လဲကျမှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့၊ မြို့နယ် မီးသတ် ဉီးစီးမှူးရုံး မှ သိရသည်။

          ဖြစ်စဉ်မှာ မင်းဘူးမြို့၊ အရှေ့ဘက် အမှတ်(၃)ရပ်ကွက်၊ ရွာမရပ်နေ ဉီးဇော်မင်းသန်း အသက် (၄၅)နှစ်၊ (ဘ) ဉီးမောင်မောင်တင် ယာဉ်မောင်း၏ အိမ်ရှေ့လမ်းမဘေးရှိ လုံးပတ်(၁၅) ပေခန့် ၊ အမြင့်ပေ (၃၀၀)ခန့်၊ နှစ် (၁၀၀) ကျော်ခန့်ရှိ  မကျည်းပင်ကြီးမှာ ရုတ်တရက် အလယ်မှ နှစ်ပိုင်းကွဲ၍  လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

          အဆိုပါ သစ်ပင်လဲကျရာသို့ မင်းဘူးခရိုင် မီးသတ်ဉီးစီးမှူး ဉီးထွန်းထွန်း၊ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးစိန်ထွန်း ဉီးဆောင်၍ တပ်ဖွဲ့ဝင် (၁၀)ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၉)ဉီး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်(၁၀) ဉီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် (၅)ဉီးတို့သည်  CNJ မီးငြိမ်းသတ်ယာဉ် နှင့် အထောက်အကူပြု ကရိန်း ယာဉ်ဖြင့် သွားရောက် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

သစ်ပင်လဲကျမှုတွင် ဉီးမောင်မောင်တင်၏သား ဉီးဇော်မင်းသန်း နေအိမ်ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ပြင်ခင်း (၂)ထပ် (၄)ပင် × (၃)ပင် နေအိမ် အမိုးသွပ် (၁၀)ချပ်၊ ထုတ်၊ ယောက်၊ ဒိုင်း၊ မျှားတန်းများ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး (၁၀၀၀၀၀) ကျပ်ခန့် ၊ လူတိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါကြောင်း နှင့် မင်းဘူး မြို့နယ်မီးသတ်ဉီးစီးဌာန မှ ကူညီရှင်းလင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment