Sunday, September 1, 2019

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ပြင်းထန်သောငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦပြိုကျမှုတွင် တပ်ခွဲအဆင့် ရှာဖွေကယ်ဆယ်ရေး တုန့်ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့် လေ့ကျင့်သရုပ်ပြသ


မကွေး သြဂုတ် ၃၀
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီိးဌာနမှ ကြိုတင်ခန့်မှန်း၍မရသော ဘေးအန္တရာယ်တစ်ခုဖြစ် သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦပြိုကျမှုမှ ထိခိုက်ဒဏ်ရာရရှိမှု၊ပိတ်မိပြီး အသက်ရှင် ကျန်နေသည့်လူနာများကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲတစ်ခွဲ အင်အား (၁၁၆)ဦးဖြင့် ခေတ်မီအဆင့်မြင့်နည်းပညာသုံး ရှာဖွေကယ်ဆည်ရေး အထောက်အကူပြုပစ္စည်းများ အသုံးပြုကာ တပ်ခွဲအဆင့်လေ့ကျင့်ခန်းများကို သြဂုတ်လ ၃၀ ရက် နံနက် ၉ နာရီက မြသလွန် ဘုရားပွဲတော်ကွင်း၌ လေ့ကျင့်သရုပ်ပြသခဲ့ကြောင်း သိရသည်။

လေ့ကျင့်သရုပ်ပြပွဲတွင် တိုင်ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးက ယနေ့ခေတ်အချိန်အခါမှာ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်နေကြရပြီး မြန်မာနိုင်ငံအနေနဲ့လည်း ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို တွေ့ကြုံခံစားရတဲ့နိုင်ငံဖြစ်ကြောင်း၊ဒါကြောင့် နိုင်ငံတော်အတွင်း အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လျင်မြန်သွက်လက်စွာနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့လိုကြောင်း၊ မီးသတ်တပ်ဖွဲ့ အနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်း သာမက နီးစပ်ရာတိုင်းဒေသကြီး/ပြည်နယ်များမှာေးအန္တရာယ်တွေ့ကြုံရပါ က လိုအပ်သလိုသွားရောက်ပြီး ကူညီကယ်ဆယ်ကြရမှာဖြစ်ကြောင်း၊အိမ်နီးချင်းနိုင်ငံများမှာ ဖြစ်ပွားပါက မြန်မာနိုင်ငံကိုယ်စားပြု Light Team, Medium Team များအဖြစ် သွားရောက်ပြီး ပူးပေါင်းဆောင်ရွက် ရမှာဖြစ်တဲ့အတွက် ယခုလို နိုင်ငံတကာစံနှုန်းအတိုင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအဆင့် (Assessment, Search & Rescue Level – ASR Level) အလိုက် လေ့ကျင့်ဆောင်ရွက်ရတာ ဖြစ်ကြောင်း လေ့ကျင့်သရုပ်ပြသသော တပ်ဖွဲ့အား မှာကြားသည်။

လေ့ကျင့်သရုပ်ပြသရာတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုဖြစ်ပွားခြင်း၊ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ ရောက်ရှိနေရာယူခြင်း၊၊ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လုပ်ငန်းစဉ်များအလိုက် ရှာဖွေကယ်ဆယ် ဆောင် ရွက်ခြင်းနှင့် ဧရာဝတီမြစ်အတွင်း ရေပြင် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ သရုပ်ပြသခြင်း အစီအစဉ်များ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
No photo description available.

0 comments:

Post a Comment