Sunday, September 1, 2019

စခန်းကန်ကျေးရွာတွင် ရေအရည်အသွေးကောင်းမွန်သော သောက်သုံးရေ ရရှိခဲ့၍ ဒေသခံများ ၀မ်းမြောက်ပျော်ရွှင်



မကွေး     စက်တင်ဘာ    
မကွေးတိုင်းဒေသကြီး  မကွေးခရိုင် ရေနံချောင်းမြို့နယ် စခန်းကန်ကျေးရွာတွင် စက်ရေတွင်း၊ ရေတင်စက်ရုံနှင့် ရေစင် လှူဒါန်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ သောက်သုံးရေ အခက်အခဲဖြင့် ကြုံတွေ့နေရသည့် အဆိုပါ ကျေးရွာသူ၊ရွာသားများအနေဖြင့် ရေအရည် အသွေးကောင်းမွန်သော သောက်သုံးရေ ရရှိခဲ့၍ ၀မ်းမြောက်ဝမ်းသာ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
         
 စခန်းကန်ကျေးရွာသည် ရေနံချောင်းမြို့ အရှေ့ဘက်(၁၆)မိုင်ခန့် ဝေးကွာပြီး အိမ်ခြေ (၃၅၀)၊ လူဦးရေ(၁၅၈၁)ဦး နေထိုင်ကာ ကျွဲ/နွား(၄၀၀)ခန့်ရှိပြီး သောက်သုံးရေအခက်အခဲများအား နှစ်စဉ်ကြုံတွေ့ နေရသဖြင့် ဒေသခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း တောင်းဆိုမှုကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စေတနာမျှဝေခြင်း အစီအစဉ်အရ ရန်ကုန်မြို့နေ ဦးစိုးမြင့်၊ ဦးသက်လင်း၊ဦးကျော်ဟိန်း၊ဦးမျိုးလွင်နှင့် ဦးစိုးဦးတို့မှ အလှူငွေကျပ်(၁၃၈၀၉၇၀၀/ိ-)ကျပ်အား မတည် လှူဒါန်းခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေတွင်းတူးစက် နည်းပညာအကူအညီ ပေး၍ အောင်မြင်စွာ တူးဖော်ဆောင်ရွက်ခဲ့ရာ ၄ လက်မ စက်ရေတွင်း အနက်ပေ(၈၅၅)ပေ တူးဖော်ခဲ့ပြီး ရေထွက်နှုန်းတစ်နာရီ(၂၀၀၀)ဂါလန် ထွက်ရှိကြောင်းနှင့် သောက်သုံရန် သင့်လျော်မှုရှိကြောင်း ဓါတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ပြီး ရေအရည်အသွေးကောင်းမွန်ကြောင်း သိရှိရသည်။


အဆိုပါ  လှူဒါန်းလွှဲပြောင်းပေးအပ်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင် များ၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စခန်းကန်ကျေးရွာမှ ကျေးရွာ သူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment