This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 30, 2019

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့ Mongolia Wind Farm များလေ့လာရန် မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာ

ထွက်ခွာ
မကွေး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးအတွင်း လေစွမ်းအင်မှတဆင့် လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် Mongolia Wind Farm များ လေ့လာရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ခေါင်းဆောင်သော အဖွဲ့ဝင်(၆)ဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက် ဒေသစံတော်ချိန် ည ၁၁း၅၀ နာရီအချိန်က တရုတ်နိုင်ငံလေကြောင်းလိုင်း Air China ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာသည်။

သန်းနိုင်ဦး(ငဖဲ)
------------------------------

မကွေး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးအတွင်း လေစွမ်းအင်မှတဆင့် လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် Mongolia Wind Farm များ လေ့လာ ရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ခေါင်းဆောင်သော အဖွဲ့ဝင်(၆)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက် ဒေသစံတော်ချိန် ည ၁၁း၅၀ နာရီအချိန်က လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာသည်။
အဆိုပါခရီးစဉ်သည် မွန်ဂိုလီးယာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကွန်ရက်စနစ်နှင့် ပတ်သက်၍ သိရှိနားလည်ရန်နှင့် လေရဟတ်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းလည်ပတ်မှုကို လေ့လာရန် ဖြစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အတူ မကွေးတိုင်းဒေသကြီးမှ သယ်ဇာတ၊ သဘာပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်း၊ သစ်တောဦးစီး ဌာန တိုင်းဦးစီးမှူး ဦးမြင့်သိန်းခိုင်၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူး (ဒုတိယအင်ဂျင်နီယာချုပ်) ဦးထောင်းဇိုခိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်း တို့ လိုက်ပါသွားကြသည်။
မကွေးတိုင်းဒေသကြီး၌ ဆောင်ရွက်လျက်ရှိသည့် 163 MW Wind Power Project အား ဗြိတိန်နိုင်ငံ Department of International Development(DFID)မှ ငွေကြေးထောက်ပံ့လျက်ရှိပြီး အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိ(၆)ဦးနှင့် InfraCo Asia Develo pment (IAD)နှင့် Infra Capital Myanmar- ReEx(ICM) တို့မှ ကိုယ်စားလှယ်များလည်း လိုက်ပါခဲ့ ကြသည်။
သန်းနိုင်ဦး(ငဖဲ)

ဒီကနေ့ နေ့လည်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ မကွေးမြို့နယ် (ကုန်းတွင်းရေနံလုပ်ကွက် အမှတ် RSF -5)အတွင်း ရေနံစမ်းသပ်တူးဖော်မဲ့လုပ်ငန်းအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရဲ့ထုတ်လုပ်မှုအပေါ်

ဒီကနေ့ နေ့လည်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ မကွေးမြို့နယ် (ကုန်းတွင်းရေနံလုပ်ကွက် အမှတ် RSF -5)အတွင်း ရေနံစမ်းသပ်တူးဖော်မဲ့လုပ်ငန်းအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရဲ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် ချုပ်ဆိုပြီး အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ENI Myanmar B.V ကုမ္ပဏီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ဆောင်ရွက် တဲ့မြေနေရာ (၁၅.၂၈)ဧကအတွက် မြေစာရင်းပုံစံ(၇)မူရင်းနဲ့ မူလပိုင်ရှင်တောင်သူ(၇)ကို မြေယာတန်ဖိုးနဲ့ သီးနှံနစ်နာကြေး စုစုပေါင်းတန်ဖိုးငွေကျပ်(၂၁၀၆. ၄၀၇၀၀) (နှစ်ထောင့်တစ်ရာခြောက်သိန်း လေးသောင်းခုနှစ်ရာ) ပေးချေပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငေ့ွ လုပ်ငန်းမြေအမည်ပေါက် အရောင်းအဝယ်စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားပြုလုပ် ခဲ့ပါတယ်

ဒီကနေ့ နေ့လည်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ မကွေးမြို့နယ် (ကုန်းတွင်းရေနံလုပ်ကွက် အမှတ် RSF -5)အတွင်း ရေနံစမ်းသပ်တူးဖော်မဲ့လုပ်ငန်းအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရဲ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် ချုပ်ဆိုပြီး အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ENI Myanmar B.V ကုမ္ပဏီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ဆောင်ရွက် တဲ့မြေနေရာ (၁၅.၂၈)ဧကအတွက် မြေစာရင်းပုံစံ(၇)မူရင်းနဲ့ မူလပိုင်ရှင်တောင်သူ(၇)ကို မြေယာတန်ဖိုးနဲ့ သီးနှံနစ်နာကြေး စုစုပေါင်းတန်ဖိုးငွေကျပ်(၂၁၀၆. ၄၀၇၀၀) (နှစ်ထောင့်တစ်ရာခြောက်သိန်း လေးသောင်းခုနှစ်ရာ) ပေးချေပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမြေအမည်ပေါက် အရောင်းအဝယ်စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားပြုလုပ် ခဲ့ပါတယ်

Sunday, September 29, 2019

နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ




မင်းဘူး          စက်တင်ဘာ             ၂၉
          အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းဘူး ခရိုင်ဉီးစီးမှူး ရုံးမှ ကျင်းပပြုလုပ်သော  နိုင်ငံသားစီစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အခြေခံပညာအထက်ကျောင်း(ခွဲ)ရေပုတ်ကျောင်း တွင် ယနေ့ ၁၀ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဉီးမြင့်အောင် မှ အမှာစကားပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား တန်ဘိုးနှင့် အသုံးဝင်ပုံများအကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်း မှ ပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်င်ငံသူ/သားများအတွက် အဖိုးမပြတ် နိုင်သည့် အရာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတိုင်း ရရှိကိုင်ဆောင်ထားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၊ ဝန်ကြီးဌာန ဝန်ကြီး ဉီးမြင့်အောင် ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူ အသီးသီးမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးဉီးမြင့်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ငွေ၊ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ၊ မင်းဘူးခရိုင်ဉီးစီးမှူးရုံး၊ ဒုတိယခရိုင်ဉီးစီးမှူး လ/ထ ညွှန်ကြားရေးမှူး ဉီးမြင့်နိုင်၊ အ.ထ.က(ခွဲ)ရေပုတ်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုင်မျိုးမျိုးဆန်း နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ခြင်းလုပ်ငန်းကို(၂၀)ကြိမ်တိုင် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယနေ့ပေးအပ်ပွဲတွင် အသက်(၁၀)နှစ်ပြည့် (၁၀၅)ဉီး နှင့် အသက်(၁၈)နှစ်ပြည့် အထက် (၂၉ )ဉီး စုစုပေါင်း (၁၃၄)ဉီးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

ရေနစ်နေသည့် ကျောင်းသားလေးကိုဆင်းကယ်ရင်း ဓမ္မစကူးလ်ကျောင်းဆရာပါ သေဆုံး


ရေနစ်နေသည့် ကျောင်းသားလေးကိုဆင်းကယ်ရင်း
ဓမ္မစကူးလ်ကျောင်းဆရာပါ သေဆုံး
သတင်း ယမင်း ( မြို့သစ်)

Saturday, September 28, 2019

မင်းဘူးမြို့ ဘိုးဘွားရိပ်သာ အဆောက်အအုံ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီး




မင်းဘူး          စက်တင်ဘာလ         ၂၈
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ဘိုးဘွားရိပ်သာ တစ်ထပ်အဆောက်အအုံ နှစ်ဆောင် တည် ဆောက်နေမူ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ဘိုးဘွားရိပ်သာ တည်ဆောက်ရေးကော်မတီဉက္ကဌ ထံမှ သိရသည်။

          အဆိုပါ ဘိုးဘွားရိပ်သာတည်ဆောက်ခြင်းကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍနှစ် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၅၅၀)ဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှ စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အချိန်တွင် ဘိုးဘွားရိပ်သာ အဆောက်အအုံ တည်ဆောက်နေမှုမှာ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 

          အဆိုပါ ဘိုးဘွားရိပ်သာသည် မြေဧက (၂ )ဧက ကျယ်ဝန်းပြီး၊ အလျား ၅၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၀ ပေရှိ  Stree Structure အဆောင် နှစ်ဆောင် တည်ဆောက်နေပြီး တစ်ဆောင်လျှင် အဘိုး(၁၀)ဉီး၊ အဘွား(၁၀)ဉီး စုစုပေါင်း(၂၀)ဉီး နေထိုင်နိုင်မည်ဖြစ်ပြီး ဓမ္မာရုံ၊ စားသောက်ဆိုင်၊ စားဖိုဆောင်တို့ ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
          “ ကျွန်တော်တို့ အခန်းတစ်ခန်းလျှင် နှစ်ယောက်တစ်ခန်းဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာသုံးလုံးတွဲ၊ စုစုပေါင်း(၆)လုံး၊ ရေစုပ်ကန် ဂါလံ(၃၀၀၀) ဆန့် တစ်ခုပါရှိပြီး၊ ၃ လ အတွင်း အပြီးတည်ဆောက် သွားနိုင် ရန် လျာထားပါကြောင်း၊  ရေရှည်စီမံကိန်းဖြစ်တဲ့အတွက် စနစ်တကျ တည်ဆောက်သွားဖို့ လိုအပ် ပါကြောင်း၊ အလှူငွေထပ်မံရရှိပါက အဆောင်များကို ထပ်မံတည်ဆောက်ရန် ရည်ရွယ်ထားပါကြောင်း၊ ဘိုးဘွားရိပ်သာ တည်ဆောက်ရေးကော်မတီဉက္ကဌ ဉီးမျိုးမင်း ”  ထံမှ သိရသည်။
          ကျော်စိုးဝင်း(မင်းဘူး)

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းအသင်းဝင်တွေ ဖွင့်လှစ်တဲ့ အမျိုးသား အမျိုးသမီး ဆံသဆိုင်ဖွင့်လှစ်ခဲ့ပါတယ်။


မကွေးမြို့မှာ ဒီကနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းအသင်းဝင်တွေ ဖွင့်လှစ်တဲ့ အမျိုးသား အမျိုးသမီး ဆံသဆိုင်ဖွင့်လှစ်ခဲ့ပါတယ်။

စက်တင်ဘာလ(၂၈)ရက်နေ့မှာ ကျရောက်တဲ့(၁၃)ကြိမ် မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့


က်တင်ဘာလ(၂၈)ရက်နေ့မှာ ကျရောက်တဲ့(၁၃)ကြိမ် မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ (World Rabies Day)နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း (၂၅)မြို့နယ်မှာ ခွေးရူးရောဂါအကြောင်း အသိပညာ ပေးဟောပြောပွဲတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။
https://www.facebook.com/200456737190562/videos/380367826226836/?t=16

မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။

မကွေးမြို့မှာ စတင်ဘာလ (၂၇)ရက်နေ့နံနက်(၈) နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။

Friday, September 27, 2019

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၂ ၊ ၂၀၁၉ ၊အောက်တိုဘာလ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို စက်တင်ဘာလ ၂၉/၃၀ ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။





မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၂ ၊ ၂၀၁၉ ၊အောက်တိုဘာလ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို စက်တင်ဘာလ ၂၉/၃၀  ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။



မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
https://www.facebook.com/Myaylatt-Daily-200456737190562/

Thursday, September 26, 2019

မင်းဘူးမြို့တွင် အမြင့်ပေ(၃၀၀)ခန့်ရှိ မကျည်းပင်မှာ ရုတ်တရက် အလယ်မှ နှစ်ပိုင်းကွဲ၍ လဲကျမှု ဖြစ်ပွား




မင်းဘူး          စက်တင်ဘာ             ၂၅
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင်  အမြင့်ပေ (၃၀၀) ခန့်ရှိ မကျည်းပင်ကြီးမှာ ရုတ်တရက် အလယ်မှ နှစ် ပိုင်းကွဲ၍  ယနေ့ ည ပိုင်းက လဲကျမှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့၊ မြို့နယ် မီးသတ် ဉီးစီးမှူးရုံး မှ သိရသည်။

          ဖြစ်စဉ်မှာ မင်းဘူးမြို့၊ အရှေ့ဘက် အမှတ်(၃)ရပ်ကွက်၊ ရွာမရပ်နေ ဉီးဇော်မင်းသန်း အသက် (၄၅)နှစ်၊ (ဘ) ဉီးမောင်မောင်တင် ယာဉ်မောင်း၏ အိမ်ရှေ့လမ်းမဘေးရှိ လုံးပတ်(၁၅) ပေခန့် ၊ အမြင့်ပေ (၃၀၀)ခန့်၊ နှစ် (၁၀၀) ကျော်ခန့်ရှိ  မကျည်းပင်ကြီးမှာ ရုတ်တရက် အလယ်မှ နှစ်ပိုင်းကွဲ၍  လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

          အဆိုပါ သစ်ပင်လဲကျရာသို့ မင်းဘူးခရိုင် မီးသတ်ဉီးစီးမှူး ဉီးထွန်းထွန်း၊ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးစိန်ထွန်း ဉီးဆောင်၍ တပ်ဖွဲ့ဝင် (၁၀)ဉီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၉)ဉီး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်(၁၀) ဉီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် (၅)ဉီးတို့သည်  CNJ မီးငြိမ်းသတ်ယာဉ် နှင့် အထောက်အကူပြု ကရိန်း ယာဉ်ဖြင့် သွားရောက် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

သစ်ပင်လဲကျမှုတွင် ဉီးမောင်မောင်တင်၏သား ဉီးဇော်မင်းသန်း နေအိမ်ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ပြင်ခင်း (၂)ထပ် (၄)ပင် × (၃)ပင် နေအိမ် အမိုးသွပ် (၁၀)ချပ်၊ ထုတ်၊ ယောက်၊ ဒိုင်း၊ မျှားတန်းများ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး (၁၀၀၀၀၀) ကျပ်ခန့် ၊ လူတိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါကြောင်း နှင့် မင်းဘူး မြို့နယ်မီးသတ်ဉီးစီးဌာန မှ ကူညီရှင်းလင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)