Thursday, August 8, 2019

စလင်းမြို့ မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးတပ်စုအား အသင့်စုဖွဲ့ထား



စလင်း၊ သြဂုတ် ၇
          ယနေ့ကာလတွင် ရာသီဥတုဆိုးကျိုးသက်ရောက်မှုများကိုနိုင်ငံတစ်ဝန်းခံစားနေရပြီး ဆိုင်ကလုန်း မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံမှုများနှစ်စဉ်ကြုံတွေ့ခံစားနေကြရပြီး  သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ပြည်သူများအားအချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး အတွက် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးတပ်စုအား အသင့် စုဖွဲ့ထားရှိကြောင်းသိရသည်။

        
  “ ကျွန်တော်တို့မြို့နယ်အတွင်းမှာ မီးဘေးလုံခြုံရေးနှင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေ/မိုးကြိုး ပြစ်ခြင်း၊ ရေကြီးမြေပြိုမှုကြောင့်ပိတ်မိမှုများဖြစ်ပွားခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်ပြီး မြစ်ရေကြီးမှုဖြစ်ပွားလာပါက ပြည်သူများထံအချိန်မီအသိပေးပြန်ကြားသွားရန်နှင့် အချိန်နှင့်တစ်ပြေးညီအလျင်အမြန်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်သွားနိုင်ရန်အတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အသက်ကယ်ပစ္စည်းများ၊စက်ရေယဉ်နှင့်အတူရှာဖွေကယ်ဆယ်ရေး တပ်စုတစ်စုအား အသင့်စုဖွဲ့ထားရှိပါတယ်” ဟုမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်မှပြောကြားသည်။
          စလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃၀ ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုအားအသင့်ဖွဲ့စည်းထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြင့် အပတ် စဉ်လေ့ကျင့်မှုများဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
စိုးမိုးသူ(စလင်း)

0 comments:

Post a Comment