Monday, August 5, 2019

မင်းဘူးမြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေး စည်းကမ်းမဲ့ မော်တော်ယာဉ်များဖမ်းဆီးစစ်ဆေး



မင်းဘူး       သြဂုတ်      
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ပြည်သူများ စနစ်တကျ မောင်းနှင်းသွားလာနိုင်စေရန် ရည်ရွယ်၍ သြဂုတ် ၅ ရက်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူး-မကွေးကားလမ်း၊ မင်းဘူးမြို့မရဲစခန်းရှေ့တွင် စည်းကမ်းမဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

          ထို့သို့ ဆောင်ရွက်ရာတွင် အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မင်းဘူး)မှ ရဲအုပ်မိုးဝင်းထက် ဦးဆောင်သော အဖွဲ့ဝင် (၁၈)ဦးတို့သည် မော်တော်ယာဉ်များ မောင်းနှင်ရာတွင် ခါးပတ်မပတ်ဘဲမောင်းနှင်ခြင်း၊ ယာဉ်လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ် ဆေးခြင်း၊ သတ်မှတ်ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာ တွင် ဆိုင်ကယ်ဆီးဦးထုပ် မပါခြင်း၊ ဆိုင်ကယ်သီးဦးထုပ်မေးသိုင်းကြိုး မပါခြင်း၊ ဘက်ကြည့်မှန် မပါခြင်း၊ နောက်နံပါတ်ပြား မပါရှိခြင်းများကို စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ မောင်းနှင်ခြင်းမရှိသော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
          မင်းဘူးမြို့နေ ပြည်သူများ ယာအန္တရာယ် ကင်းဝေးစေရေးအတွက် စည်းကမ်းမဲ့ မော်တော် ယာဉ်များ ဖမ်းဆီးစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူး)မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment