Monday, August 5, 2019

ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး|ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာစီမံအုပ်ချုပ်မှု စီမံကိန်း အသိပ ညာပေးမိတ်ဆက်ပွဲအခမ်းအနားကျင်းပ



  ပေါက် သြဂုတ် ၅
  Save the Children မှပံ့ပိုး သောစာသင်ကျောင်းများအား လုံးတွင်ကလေးများအတွက် ဘေးကင်းလုံခြုံမှုပိုမိုတိုးတက် စေပြီးအရည်အသွေးရှိသောအခြေခံပညာရေးကိုတန်းတူ ညီမျှလက်လှမ်းမီမှုမှတစ်ဆင့် ကလေးများ၏သင်ယူမှုရလဒ် များကိုတိုးတက်စေရန်ရည်ရွယ်၍ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လုပ်ကိုင်ဆောက်ရွက်မည့်ပ ညာရေး|ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေး|က လေးသူငယ်အခွင့်အရေးများ ဆိုင်ရာစီမံအုပ်ချုပ်မှု|စီမံကိန်း အသိပညာပေးမိတ်ဆက်ပွဲအခမ်းအနားကိုပေါက်မြို့အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေ ပေါက်ပင်ခန်းမ၌ သြဂုတ် ၅ ရက် နံနက်ပိုင်းက ကျင်းပ သည်။
  အခမ်းအနားတွင်မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့လူမှုရေး ဝန်ကြီးဒေါက်တာခင်မောင် အေးကရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေကိုအ ပြည့်အဝအကောင်အထည် ဖော်ရာတွင်သက်ဆိုင်ရာဝန် ကြီးဌာနများ|အစိုးရမဟုတ် သောအဖွဲ့အစည်းများ|လူမှု ရေးအဖွဲ့အစည်းများ|နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူး ပေါင်းဆောင်ရွက်ရပြီးအထူးသဖြင့်မိဘများ|မိသားစုဝင် များ|ပြည်သူများပူးပေါင်း ဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့်လူမှုဝန်ထမ်းဦးစီးဌာနကရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကိုဖွင့်လှစ်သင် ကြားပေးလျက်ရှိပါကြောင်း  ပြောကြားပြီးပေါက်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်သန်းကမြန်မာနိုင်ငံအတွင်းတောင့် တင်းခိုင်မာသည့်အမျိုးသား အဆင့်ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေးစနစ် တည်ထောင်၍မိန်းကလေးများနှင့်ယောင်္ကျားလေးများအ ပေါ်အကြမ်းဖက်ခြင်း|မတော် မတရားပြုမူခြင်း|လျစ်လျူရှုခြင်း|ခေါင်းပုံဖြတ်အမြတ်ထုတ် ခြင်းတို့မှကာကွယ်ပေးနိုင်ရန် နှင့်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များကိုရှင်းလင်းပြောကြား ခဲ့သည်။
  ဆက်လက်၍မကွေးတိုင်းဒေ သကြီးအခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေး မှူးဒေါ်ခင်သန်းဦးကပညာရေး ပြုပြင်ပြောင်းလဲမှုနှင့်စီမံကိန်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကိုလည်ကောင်း|လူမှုဝန်ထမ်းဦးစီးဌာနပခုက္ကူခရိုင်ဦးစီးမှူးဒု တိယညွှန်ကြားရေးမှူးဒေါ်ချို ပြုံးကကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများ နှင့်စီမံကိန်းချိတ်ဆက်ဆောင် ရွက်နိုင်ရန်ကိုလည်းကောင်း| Save the Children အဖွဲ့ Government Relation Ship ဌာန၏ဌာနမှူးဦးကျော်မျိုးသိန်း က Save the Children အ ကြောင်းကိုလည်းကောင်းအသီးသီးပြောကြားခဲ့ကြသည်။
  ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ|ဌာနဆိုင်ရာအကြီးအကဲများ| ကျောင်းဆရာ|ဆရာမများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများကစီမံကိန်းအ ကြာင်းသိရှိလိုသည်များကိုမေး မြန်းကြရာသက်ဆိုင်ရာတာဝန် ရှိသူများကပြန်လည်ဖြေကြား ခဲ့ကြောင်းသိရသည်။
                   ဉာဏ်တိုး(ပေါက်)
         ပေါက်မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment