မင်းဘူး
သြဂုတ် ၅
ကျေးလက်နေပြည်သူများ
ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များနှင့် မှုခင်းနှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို
သိရှိနိုင်စေရန် ရည်ရွယ်၍ သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်၊
ကြီးပင်ကန်ကျေးရွာ ဓမ္မာရုံတွင် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများနှင့် မှုခင်းကျဆင်းရေး
အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မင်းဘူး(စကု)မြို့နယ်
အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းရွှေနွယ်က အဖွင့် အမှာစကား ပြောကြားပြီး စကုနယ်မြေစခန်းမှူး
ရဲအုပ် သိန်းဟန်မိုးက လူကုန် ကူးမှုဖြသ်ပွားရခြင်းအကြောင်းအရင်းများ၊ ကလေးသူငယ်
အခွင့်အရေး ဆိုင်ရာ သိကောင်းစရာများနှင့် သက်ငယ်မုဒိန်းမှု ပရောက်ရေးအတွက်
ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ် ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မင်းဘူးမြို့နယ် စည်ပင်သာယာရေး အဖွဲ့
ဒုဦးစီးမူး ဒေါ်စိုးစိုးသန်းက ကြွပ်ကြွပ်အိတ် သုံးစွဲခြင်း ဆိုးကျိုးများ၊်နှင်မိမိတို့ဌာနမှ
ကြွပ်ကြွပ်အိတ် လျော့ချရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး
မင်းဘူးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ သူနာပြုဆရာမ ဒေါ်သီသီဦးက ရာသီတုပ်ကွေးရောဂါ
မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း
သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အလက(ခွဲ)ကြီးပင်ကန်မှ
ဆရာ/ မ များ၊ ကျောင်းသား/သူများ၊ ကြီးပင်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများ
အသီးသီးတက်ရောက်ကြကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment