Saturday, August 31, 2019

မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မင်းဘူး-စကု ကားလမ်း ရေကျော်လျှက်ရှိ(ဇော်ဂျီဖောင့်ဖြင့်ဖတ်ပါ။)




မင်းဘူး          ဩဂုတ်         ၃၁
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ဩဂုတ် ၃၀ ရက်နေ့ ညပိုင်းနှင့် ဩဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်းအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းဘူး(စကု)ကားလမ်း၊ စစ်စလီရေ ကျော် ကားလမ်းမပေါ်သို့ အလျားပေ(၁၀၀)ခန့် ၊ အမြင့်(၁)ခွဲခန့် ရေကျော်နေသဖြင့် မင်းဘူး မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊  မြို့နယ်မိးသတ်ဉီးစီးမှူး ဉီးစိန်ထွန်း ဉီးဆောင်သော သ‌န္ဓေတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မင်းဘူးမြို့နယ် ဗြမ္မာ စိုရ်နာရေး ကူညီမှုအသင်းသားများ မှ မင်းဘူး-စကု ကားလမ်း စစ်စလီရေကျော်နေမှုအား လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

          ဆက်လက်ပြီး မင်းဘူးမြို့နယ် မင်းဘူး-ဆင်ခေါင်းကားလမ်း၊ ကန်ရေကျေးရွာ အလွန် ရေကျော်တွင် ကားလမ်းမပေါ်တွင် အလျားပေ(၃၀)ခန့်၊ အမြင့်(၈)လက်မ ကျော်ခန့် ရေကျော်နေသ ဖြင့် ဒေါင်းဖန်း မီးငြိမ်းသတ်ယာဉ်ဖြင့် တပ်ကြပ်ကြီး ဇော်ဉီး ဉီးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၆)ဉီးတို့သည် ကန်ရေကျေးရွာအလွန် ရေကျော်နေမှုအား လမ်းသွားလမ်းလာပြည်သူများအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးမှူးရုံး မှ သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment