မင်းဘူး ဩဂုတ် ၂၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်နှင့်
အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ခရစ်ကက်ကစားနည်းသင်တန်းကို မင်းဘူး(စကု)
မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း (၆)ကျောင်းတို့တွင် သင်ကြားပို့ချလျက် ရှိကြောင်း
သိရသည်။
“တစ်နိုင်ငံလုံးတွင် ခရစ်ကက်ကစားနည်းပြန့်ပွားလာစေရန်၊ လူငယ်လူရွယ်များ အားကစား ကို ပိုမိုစိတ်ဝင်စားလာစေရန်
ရည်ရွယ်ပြီး သင်တန်းပို့ချတာပါ၊ ကျောင်းတစ်ကျောင်းလျှင် ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၄၀) ဦးတို့အားသင်တန်းပို့ချလျက်ရှိပါတယ်၊
သင်တန်းကို (၆) ရက်ကြာ သင်ကြားပို့ချပြီး လူသစ်တန်းခရစ်ကက် ကျောင်းပေါင်းစုံပြိုင်ပွဲကျင်းပဆောင်ရွက်
သွားမှာဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်
နည်းပြဆရာ ဦးထက်လင်းအောင် ထံမှ သိရသည်။
“ကျွန်တော်တို့ အသင်းတစ်သင်းမှာ ၁၁ယောက်စီ
ကစားရတဲ့ အားကစားဖြစ်ပါတယ်၊ ဒီကစားနည်းက အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက် ကစားနည်းဖြစ်တဲ့အတွက်
လူငယ်တွေအနေနဲ့ ကစားသင့်တဲ့ ကစားနည်း ဖြစ်ပါတယ်” ဟု သင်တန်းသားတစ်ဦးက ပြောပြသည်။
အဆိုပါ ခရစ်ကက် ကစားနည်းကို အင်္ဂလန်နိုင်ငံမှ စတင်ခဲ့ဖြစ်ပြီး
ယခုလက်ရှိ ကမ္ဘာတွင် လူစိတ်ဝင်စားမှု ဒုတိယအများဆုံး
ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment