Thursday, August 22, 2019

၂၀၁၉ ခုနှစ်၊အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်(အကြို) အထက်တန်း၊ အလယ်တန်း အဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲ မြို့နယ်အဆင့်ကျင်းပ



မကွေး      ဩဂုတ်      ၂၂
၂၀၁၉-ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်း နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာနတို့မှ ကျောင်း သား၊ ကျောင်းသူများအား ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိပြီး လိုက်နာကျင့်သုံးတတ်စေရန်နှင့် ဒီမိုကရေ စီနှင့် ပတ်သက်သည့် စံနှုန်းများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲသို့ မကွေးမြို့နယ်အတွင်းရှိ    အခြေခံပညာကျောင်းများနှင့်  ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၈၇)ဦးတို့က အထက်တန်းအဆင့်    စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် " ပြည်သူ့ဘဝ ငြိမ်းချမ်းဖို့ ဒီမိုကရေစီဖော်ဆောင်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်း အဆင့်စာစီ စာကုံး၊ ကဗျာနှင့်ပန်းချီ ပြိုင်ပွဲတွင် " ဒီမိုကရေစီအားကောင်းရေး တို့လူငယ်များ ဝန်းရံပေး"    ခေါင်းစဉ်ဖြင့် လည်းကောင်း   ပြိုင်ပွဲ အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ပြိုင်ပွဲတစ်ခုချင်းစီတွင် ပထမဆုရရှိသောကျောင်းသား ကျောင်း သူများအား  ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် မကွေးတိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဝင်ရောက်  ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment