This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 31, 2019

မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မင်းဘူး-စကု ကားလမ်း ရေကျော်လျှက်ရှိ(ဇော်ဂျီဖောင့်ဖြင့်ဖတ်ပါ။)




မင်းဘူး          ဩဂုတ်         ၃၁
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ဩဂုတ် ၃၀ ရက်နေ့ ညပိုင်းနှင့် ဩဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်းအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းဘူး(စကု)ကားလမ်း၊ စစ်စလီရေ ကျော် ကားလမ်းမပေါ်သို့ အလျားပေ(၁၀၀)ခန့် ၊ အမြင့်(၁)ခွဲခန့် ရေကျော်နေသဖြင့် မင်းဘူး မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊  မြို့နယ်မိးသတ်ဉီးစီးမှူး ဉီးစိန်ထွန်း ဉီးဆောင်သော သ‌န္ဓေတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မင်းဘူးမြို့နယ် ဗြမ္မာ စိုရ်နာရေး ကူညီမှုအသင်းသားများ မှ မင်းဘူး-စကု ကားလမ်း စစ်စလီရေကျော်နေမှုအား လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

          ဆက်လက်ပြီး မင်းဘူးမြို့နယ် မင်းဘူး-ဆင်ခေါင်းကားလမ်း၊ ကန်ရေကျေးရွာ အလွန် ရေကျော်တွင် ကားလမ်းမပေါ်တွင် အလျားပေ(၃၀)ခန့်၊ အမြင့်(၈)လက်မ ကျော်ခန့် ရေကျော်နေသ ဖြင့် ဒေါင်းဖန်း မီးငြိမ်းသတ်ယာဉ်ဖြင့် တပ်ကြပ်ကြီး ဇော်ဉီး ဉီးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၆)ဉီးတို့သည် ကန်ရေကျေးရွာအလွန် ရေကျော်နေမှုအား လမ်းသွားလမ်းလာပြည်သူများအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးမှူးရုံး မှ သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

Wednesday, August 28, 2019

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၀ ၊ ၂၀၁၉ ၊ စက်တင်ဘာ လ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို သြဂုတ်လ ၃၀/၃၁ ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၀ ၊ ၂၀၁၉ ၊ စက်တင်ဘာ လ(၁ - ၁၅)ရက်ထွက် ဂျာနယ်ကို သြဂုတ်လ ၃၀/၃၁  ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။

မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ မိုးယံထီ ဆိုင်တန်း ၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : https://www.facebook.com/Myaylatt-Daily-200456737190562/?epa=SEARCH_BOX

Saturday, August 24, 2019

ပေါက်မြို့နယ်၌စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပေါက် သြဂုတ် ၂၄  
 ပခုက္ကူခရိုင်|ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌ရပ်ကွက်|ကျေး ရွာနှင့်စာသင်ကျောင်းများ  တွင်စာကြည့်တိုက်များရှင်သန် ဖွံ့ဖြိုးရေး|နည်းပညာအရရေး ဆွဲရေး|အကြံဉာဏ်များရယူ နိုင်ရေး|ကလေးသူငယ်များ| ကျောင်းသား|ကျောင်းသူများစာဖတ်ချင်လိုစိတ်ပိုမိုတိုးပွါးလာစေရန်ရည်ရွယ်၍ စာ ကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲကိုသြဂုတ်၂၄ရက်နံနက်၉နာရီကကျင်းပ ခဲ့ပါသည်။
 
အခမ်းအနားတွင်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းကလက်ရှိစာကြည့် တိုက်များတွင်စာအုပ်စာစောင် များဖြည့်ဆည်း၍စာဖတ်သူပိုမို များပြားလာစေရေး|စာကြည့်တိုက်အပေါ်ယုံကြည်သက်ဝင်၍စာဖတ်ခြင်းအကျိုးကျေးဇူး များရရှိနိုင်စေရးနှင့်ပတ်သက် ၍အဖွင့်အမှာစကားပြောကြား ပြီးခရိုင်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှခ ရိုင်ဦးစီးအရာရှိဦးဇော်ဌေး အောင်ကစာကြည့်တိုက်အ လုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားသည်။   ဆက်လက်ပြီးတက်ရောက် လေ့လာသူများမှလက်ရှိစာ ကြည့်တိုက်များဖွံ့ဖြိုးတိုးတက် ရေး|စာဖတ်သူဦးရေများပြား ရေး|ငွေကြေးနှင့်ပရိဘောဂရရှိ ရေး|ကျေးရွာစာပေဝါသနာရှင် များပူးပေါင်းပါဝင်နိုင်ရေး|ယခုဖွင့်လှစ်ဆောင်ရွက်နေသောစာကြည့်တိုက်များဆောင် ရွက်ထားရှိမှုနှင့်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကိုအုပ်စုဖွဲ့၍အပြန်အလှန်ဆွေးနွေးကြရာမြို့နယ်အတွင်းစာကြည့်တိုက် ရှိသောကျေးရွာများမှကျေး ရွာစာကြည့်တိုက်မှူးများ| ကျောင်းစာကြည့်တိုက်မှဆ ရာ|ဆရာမများ|ဖိတ်ကြားထားသောစာပေဝါသရှင်များတက်ရောက်ကြကြောင်း သိရ သည်။                    ဉာဏ်တိုး(ပေါက်)

Friday, August 23, 2019

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခရစ်ကက်ကစားနည်း သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိ




မင်းဘူး                   ဩဂုတ်         ၂၃
          ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်နှင့် အ‌ခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ခရစ်ကက်ကစားနည်းသင်တန်းကို မင်းဘူး(စကု) မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း (၆)ကျောင်းတို့တွင် သင်ကြားပို့ချလျက် ရှိကြောင်း သိရသည်။

          “တစ်နိုင်ငံလုံးတွင် ခရစ်ကက်ကစားနည်းပြန့်ပွားလာစေရန်၊  လူငယ်လူရွယ်များ အားကစား ကို ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်ပြီး သင်တန်းပို့ချတာပါ၊ ကျောင်းတစ်ကျောင်းလျှင်  ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၄၀) ဦးတို့အားသင်တန်းပို့ချလျက်ရှိပါတယ်၊ သင်တန်းကို (၆) ရက်ကြာ သင်ကြားပို့ချပြီး လူသစ်တန်းခရစ်ကက် ကျောင်းပေါင်းစုံပြိုင်ပွဲကျင်းပဆောင်ရွက် သွားမှာဖြစ်ပါတယ်’’ ဟု  မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် နည်းပြဆရာ ဦးထက်လင်းအောင် ထံမှ သိရသည်။
          “ကျွန်တော်တို့ အသင်းတစ်သင်းမှာ ၁၁ယောက်စီ ကစားရတဲ့ အားကစားဖြစ်ပါတယ်၊ ဒီကစားနည်းက အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက် ကစားနည်းဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ ကစားသင့်တဲ့ ကစားနည်း ဖြစ်ပါတယ်” ဟု သင်တန်းသားတစ်ဦးက  ပြောပြသည်။
အဆိုပါ ခရစ်ကက် ကစားနည်းကို အင်္ဂလန်နိုင်ငံမှ စတင်ခဲ့ဖြစ်ပြီး ယခုလက်ရှိ ကမ္ဘာတွင်  လူစိတ်ဝင်စားမှု ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

Thursday, August 22, 2019

၂၀၁၉ ခုနှစ်၊အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်(အကြို) အထက်တန်း၊ အလယ်တန်း အဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲ မြို့နယ်အဆင့်ကျင်းပ



မကွေး      ဩဂုတ်      ၂၂
၂၀၁၉-ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်း နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာနတို့မှ ကျောင်း သား၊ ကျောင်းသူများအား ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိပြီး လိုက်နာကျင့်သုံးတတ်စေရန်နှင့် ဒီမိုကရေ စီနှင့် ပတ်သက်သည့် စံနှုန်းများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲသို့ မကွေးမြို့နယ်အတွင်းရှိ    အခြေခံပညာကျောင်းများနှင့်  ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၈၇)ဦးတို့က အထက်တန်းအဆင့်    စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် " ပြည်သူ့ဘဝ ငြိမ်းချမ်းဖို့ ဒီမိုကရေစီဖော်ဆောင်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်း အဆင့်စာစီ စာကုံး၊ ကဗျာနှင့်ပန်းချီ ပြိုင်ပွဲတွင် " ဒီမိုကရေစီအားကောင်းရေး တို့လူငယ်များ ဝန်းရံပေး"    ခေါင်းစဉ်ဖြင့် လည်းကောင်း   ပြိုင်ပွဲ အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ပြိုင်ပွဲတစ်ခုချင်းစီတွင် ပထမဆုရရှိသောကျောင်းသား ကျောင်း သူများအား  ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် မကွေးတိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဝင်ရောက်  ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

Tuesday, August 20, 2019

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီဦးမှ ပင့်ဆောင်ကာ မြန်မာ့စီးပွားရေးဘဏ်တွင် Unkown Box အဖြစ်အပ်နှံ



မကွေး     သြဂုတ်     ၂၀
          မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ကြေးပြားပေါ်တွင် ဆဌမအကြိမ် လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူခြင်းလုပ်ငန်းကို မြသလွန်စေတီတော် သြ၀ါဒါစရိယ ဆရာတော်ကြီး များ၏ သြ၀ါဒနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ လုပ်ငန်းများဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
          စေတီတော်ကြီး၏ ငြမ်းဆင်ခြင်းလုပ်ငန်းကို ငြမ်းပညာရှင် ဦးမင်းထက်မြတ် အပါအ၀င် ငြမ်းလုပ်သား(၁၃)ဦးဖြင့် သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁၉ ရက်နေ့တွင် စေတီဦးသို့ ရောက်ရှိခဲ့သည်။သြဂုတ်လ ၂၀ ရက် ယနေ့နံနက်တွင် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီဦးမှပင့်ဆောင်၍ မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယ ရံသီတန်ဆောင်းတော်တွင် စနစ်တကျ စစ်ဆေးခြင်း၊မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး မသမာသူများ မှ မနှောက်ယှက်နိုင်စေရန်နှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွား မပေါ်ပေါက်စေရန်အတွက် မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ထည့်ထားသည့် သံသေတ္တာကြီိးကို အစဉ်အလာအတိုင်း မြန်မာ့စီးပွားရေးဘဏ်တွင် Unkown Box အဖြစ် စေတီတော်မြတ်ကြီး လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပြီးသည်အထိ အပ်နှံထားရှိမည်ဖြစ်ကြောင်း သိရသည်။
          မြသလွန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်မြတ်ကြီး လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပြီးချိန်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပြန်လည်ပင့် ဆောင်ကာ မြသလွန်စေတီဦးသို့ တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)