ပွင့်ဖြူ ဇူလိုင်
၁၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပွင့်သာမြေ
စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
တို့ ပူးပေါင်းပြီး ဝါဆိုလပြည့်နေ့တွင် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးခြင်းကို ဇူလိုင် ၁၃
ရက်၊ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး
လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ
ညှိနှိုင်းဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book
Club) အသင်း နာယက ဆရာကြီးဦးစိန်လွင်(ပညာရေးမှူးငြိမ်း)က နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိသည့်
ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး
(Book Club)အသင်းဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်သွားကြရန်နှင့် (Book Club)အသင်းဝင် တိုးပွားရေး၊ ဘဏ္ဍာငွေရရှိရေးကိစ္စရပ်များကိုလည်း
ကြိုးပမ်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် (Book Club)အသင်းဥက္ကဌ
ဦးစောလွင်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည့်အစီအစဉ်များနှင့်
အလှူငွေကောက်ခံရရှိမှုအခြေအနေများကို ချပြရှင်းလင်းတင်ပြရာ အသင်းအဖွဲ့ဝင်များက ရှင်းလင်းတင်ပြမှုအပေါ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး
ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book
Club)အသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်းပြီး
ကျင်းပပြုလုပ်မည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၁၆ ရက်၊ (ဝါဆိုလပြည့်နေ့)တွင် ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ
တံတားဦးဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ(Book
Club)အသင်းဥက္ကဌ ဦးစောလွင် ထံမှ သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)
0 comments:
Post a Comment