Tuesday, July 9, 2019

မကွေးမြို့တွင် သတင်းရေးသားခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ





မကွေး၊ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်းများ၏ အရည်အသွေးတိုးတက်ရေး၊ ကျွမ်းကျင်မှုရှိလာစေရေး ရည်ရွယ်ကာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်၏ ကြီးကြပ်မှုနှင့် အတူ မကွေးတိုင်းဒေသကြီးရုံးက ကျင်းပသည့် သတင်းရေးသားခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မကွေးခရိုင် ပြန်/ဆက်ဦးစီးဌာနရုံး လူထုဗဟိုပြုဗဟိုဌာန၌ ကျင်းပရာ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားတွင် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၀န်ထမ်းများဖြစ်တဲ့အတွက် သတင်းများထုတ်ပြန်ပေးဖို့ တာဝန်ရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံသားတိုင်း သတင်းသိရှိနိုင်ခွင့်ကို ပိုမိုဖြည့်ဆည်းဆောင်ရွက် ရမှာဖြစ်ကြောင်း၊ အမှုထမ်းများအနေ ဖြင့် နိုင်ငံပိုင်မီဒီယာသမားတွေ ဖြစ်တယ်ဆိုတာ သိရှိခံယူပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မီဒီယာ သမားများဟာ တိုင်းပြည်သိအောင်၊လူသိအောင် ဖြန့်ဖြူးပေးတဲ့ ပြန်ကြားရေးမှူး၊ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စကားပြန်လို့ ဆရာဝံသ က ပြောဆိုခဲ့တာရှိသလို သတင်းစားသုံးသူတွေအတွက် သတင်းအမှုထမ်းများရဲ့ အခန်းကဏ္ဍဟာ ရှေ့တန်းရောက်ရှိလာကာ လူထုအကျိုး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒီနေ့ မျက်မှောက်ခေတ် မှာ သတင်းအချက်အလက်နဲ့ နည်းပညာတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် စာပေဖတ်ရှုနိုင်မှု၊ ရေးသားနိုင်မှုနဲ့ ကိန်းဂဏန်းတွက်ချက်နိုင်မှုများ လုံလောက်မှု မရှိတော့တာကို တွေကြ ရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရယူပြီး သတင်းမီဒီယာ ဥပဒေ၊ ကျင့်ဝတ် စည်းကမ်းများ လိုက်နာပြီး ပြန်လည်ဖြန့်ဝေရ မှာဖြစ်ကြောင်း၊ ဒီလိုဖြန့်ဝေနိုင်ဖို့ဆိုရင် ဆွေးနွေးပွဲမှာ သေချာစွာ သင်ယူ မှတ်သားကာ ဆွေးနွေးခြင်းများနဲ့လေ့ကျင့် ရမှာဖြစ်ကြောင်း၊ တစ်ဆက်တည်း ပြောကြားလို တာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ e-Government လုပ်ငန်းစဉ်များဖွံ့ဖြိုးရေး အကောင် အထည်ဖော် ဆောင်ရွက်နေရာမှာ အစိုးရအဖွဲ့ရဲ့ website နဲ့ Facebook Page တို့ကိုဖွင့်လှစ်ပြီး ကဏ္ဍအလိုက် သတင်းဆောင်းပါး ထုတ်ပြန်ခြင်းလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ပေးနေပြီ ဖြစ်၍ ဒီ website နဲ့ Facebook Page တွေမှာ စနစ်တကျ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်များ လွှင့်တင်ပေးခြင်းကိုလည်း ဆောင်ရွက်ရ မှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်နိုင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ဆွေးနွေးပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြား သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်နှင့်မြို့ရုံးများမှ တာဝန် ထမ်းဆောင်နေသည့် ဓာတ်ပုံကျွမ်းကျင်-၂ နှင့် ရုပ်သံကွမ်းကျင်-၃ ၀န်ထမ်း(၃၄)ဦး တက် ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ နည်းပြများနှင့် မြန်မာ့အလင်း သတင်းစာတိုက်မှ စာတည်း ဒေါ်ခင်ရတနာတို့က သတင်းရေးသားခြင်း၊ သတင်းမှတ်တမ်း ရိုက်ကူးခြင်း၊ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းများကို ဇူလိုင်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၆)ရက်ကြာ ဆွေးနွေးပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment