ပွင့်ဖြူ ဇူလိုင်
၅
မြို့နယ်အတွင်းရှိ တောင်သူများ၏ သီးနှံစိုက်ပျိုးရေးအခက်အခဲများ
ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် တောင်သူတစ်ဦးချင်းအလိုက် လူနေမှုဘဝ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက်
ဌာနတွင်းရှိ ရုံးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝနေစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့်
ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ဇူလိုင် ၄ ရက် ၊ နံနက် ၉ နာရီခွဲက
ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ
ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး
ဦးလှိုင်မြင့် က ဌာနတွင်းရှိ ဝန်ထမ်းများအား တစ်ဦးချင်းအလိုက် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့်
မြို့နယ်အတွင်းရှိ တောင်သူများ တွေ့ကြုံရသည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းအခက်အခဲများကို
ပိုမိုထိရောက်စွာ ကူညီဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက်
ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၊ ဝန်ထမ်းများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးမည့်
သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက်
သင်တန်းကို ဖွင့်လှစ်ပို့ချရာ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ
ဒေါ်ခိုင်သန်းထိုက် ၊ တိုင်းဒေသကြီးမြေအသုံးချရေးဌာနခွဲမှ
ဦးစီးအရာရှိ ဒေါ်သစ်သစ်ဆွေ ၊ တိုင်းဒေသကြီးသီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်မော်မော်ဝင်း တို့က သီးနှံအထွက်နှုန်းကောင်းမွန်ရေး
မျိုးကောင်းမျိုးသန့်နှင့် ပိုးမွှားဒဏ်ခံနိုင်သည့် သီးနှံမျိုးစေ့များ ရွေးချယ်စိုက်ပျိုးရန်နည်းလမ်းများနှင့် အခြေခံစိုက်ပျိုးရေးနည်းစနစ်များ၊
မြေဆီလွှာတိုးတက်ကောင်းမွန်ရေးအတွက် ဆောင်ရွက် ရမည့် မြေဆီလွှာအာဟာရဓာတ် ဖြည့်ဆည်းရေးလုပ်ငန်းများ၊
ရာသီအလိုက် ကျရောက်နိုင်သည့် ပိုးမွှားရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရန်နည်းလမ်းများနှင့်
ဓာတုပိုးသတ်ဆေးအသုံးပြုပုံနည်းစနစ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပို့ချသင်ကြားပေးခဲ့သည်။ ယင်းနောက် သင်တန်းအပြီးတွင်
သင်တန်းနည်းပြများက သင်ကြားပို့ချပေးသည့် ဘာသာရပ်များအပေါ် သင်တန်းသား၊ သင်တန်းသူ(ဝန်ထမ်း)များနှင့်
အပြန်အလှန် ဆွေးနွေးဖြေကြားမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးဦးစီးဌာနမှ
(မြေ၊ မျိုး ၊ ပိုး) တာဝန်ခံများက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်နှင့်
ဝန်ထမ်းများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့
သွားရောက်ပြီး ဒေသခံတောင်သူ ၁၅၇ ဦး အား သီးနှံစိုက်ပျိုးရာတွင် စားသုံးသူပြည်သူ ဘေးအန္တရာယ်ကင်းဝေးစေရေး
ဓာတုလွတ် သီးနှံစိုက်ပျိုးရေးနည်းစနစ် လိုက်နာဆောင်ရွက်ရေး ၊ သီးနှံအထွက်နှုန်းကောင်းမွန်ရေး
မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက် ပျိုးရေးနှင့် မျိုးကောင်းမျိုးသန့် စနစ်တကျ ထားသိုထိန်းသိမ်းနည်းများ
၊ ပိုးမွှားရောဂါအန္တရာယ်ကင်းဝေးရေး ကြိုတင် ပြင်ဆင်ရန်နည်းလမ်းများနှင့် မြေဆီလွှာကောင်းမွန်ရေးအတွက်
လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များကို တောင်သူပညာပေး ဆွေးနွေးဟောပြောခြင်းနှင့်
စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)
0 comments:
Post a Comment