Monday, July 8, 2019

မြစ်ကမ်းပါးပြိုကျမည်ကိုစိုးရိမ်၍ကြိုတင်ပြောင်းရွှေ့ရသောအိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်


စလင်း၊ ဇူလိုင် ၈
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မြစ်ကမ်းပါးပြိုကျမည်ကိုစိုးရိမ်၍ ကြိုတင်ပြောင်းရွှေ့ရသောအိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနားကို စလင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တံမြားခန်းမ၌ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉း၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

          ထိုပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်ကကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ ငွေများကို တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ(၃.၇.၂၀၁၉)ရက်နေ့တွင် စလင်းမြို့ နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးနှင့်နီးကပ်ပြီး ပေအနည်းငယ်သာကွာဝေးသဖြင့် မြစ်ကမ်းပါးပြိုကျမည်ကို စိုးရိမ်၍ ကြိုတင်ပြောင်းရွှေ့ရသည့်အိမ်ထောင်စုများအား ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြား ပြီး ကယ်ဆည်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများကို ဇီးဖြူပင်အုပ်စု၊ ကြူတောကျေးရွာ(တ) မှအိမ်ခြေ(၃၇) အိမ်၊ လူဦးရေ(၁၇၇)ဦး၊ ကျွန်းကလေးကျေးရွာမှ အိမ်ခြေ(၂)၊ လူဦးရေ(၁၃)ဦးနှင့် ကျောက်ရဲကျွန်း ကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာမှအိမ်ခြေ(၁၀)၊ လူဦးရေ(၃၃)ဦးတို့အား အိမ်ဆောက်ပစ္စည်းဘိုး ငွေ(၁)အိမ်လျှင် (၁၀၀၀၀၀ိ/-) ဆန်ရိက္ခာဘိုးငွေ လူ(၁)ဦးလျှင်(၇)ရက်စာ (၂၁၀၀ိ/-) နှင့် အိမ်သုံးပစ္စည်း ထောက်ပံ့မှု (၁)အိမ်လျှင် (၉)မျိုးတို့ကို တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနကိုစား မြို့နယ်အဆင့်တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ရာ ဖြစ်စဉ်ပါအိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ ကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment