မင်းဘူး ဇူလိုင် ၁၆
မင်းဘူး(စကု)မြို့နယ်
ရွာသာယာအခြေခံပညာအထက်တန်းကျောင်းတွင် ရွှေပွင့်ဖြူခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး
မိသားစုမှ ဆောက်လုပ်လှူဒါန်းသော ရွှေပွင့်ဖြူခန်းမဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား
ကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို
တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်
လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစန်းလင်း၊
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီး ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သန်းဦး
တို့က ရွှေပွင့်ဖြူခန်းမဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားကို
ရွှေပွင့်ဖြူခန်းမဆောင်တွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက
အဖွင့်အမှာစကားပြောကြားပြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပညာရေးဆိုင်ရာ လုပ်ငန်းများနှင့်
ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များကိုယ်စား အထက(ရွာသာယာ)ကျောင်း
အထက်တန်းပြဆရာမ ဒေါ်အေးအေးမွန်က ရွှေပွင့်ဖြူခန်းမ ဆောက်လုပ်လှူဒါန်း ရခြင်း ရည်ရွယ်ချက်များကို
ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဦးက အလှူရှင်များအား
ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှ အလှူရှင် ရွှေပွင့်ဖြူမိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း၊
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်မှ ရွှေပွင့်ဖြူခန်းမအတွက် အလှူငွေ
ကျပ်(၁၀)သိန်း လှူဒါန်းသော အလှူရှင်နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပြီး
အလှူရှင်မိသားစုမှ ရွှေပွင့်ဖြူခန်းမဆောင်နှင့် စာရင်းဇယားများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ
မင်းဘူးမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးထွန်းဝေမှ လက်ခံရယူပြီး အထိမ်းအမှတ်အလံများ
အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ
ရွှေပွင့်ဖြူခန်းမဆောင်သည် ၈၄×၄၂ ပေရှိ တစ်ထပ်အဆောက်အဦဖြစ်ပြီး ရွှေပွင့်ဖြူခရီးသည်နှင့်
ကုန်စည်ပို့ဆောင်ရေး မိသားစုမှ ငွေကျပ် သိန်းငါးရာ့နှစ်ဆယ်အကုန်ကျခံ ဆောင်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း
သိရသည်။
မျိုးမြတ်(မင်းဘူး)၊ ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment